Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

နွေစပါးမစိုက်လျှင် ဒဏ်ငွေဆောင်ရမည်

 

ဗထူး။ ဇန်န၀ါရီ ၅၊ ၂၀၀၇

 

ဧရာဝတီတိုင်း၊ ကျူံပျော်မြို့နယ်ရှိ ကျေးရွာအာဏာပိုင်များက လယ်သမားများအား နွေစပါး မစိုက်မနေရ အတင်းအဓမ္မ ခိုင်းစေနေပြီး မစိုက်ပျိုးသူများ ဒဏ်ငွေပေးဆောင်ရမည်ဟု ဆို သည်။

ကျေးရွာ(ရယက)နှင့် မြေစာရင်းဦးစီးဌာနတာဝန်ရှိသူများက အထက်အမိန့်အရဆိုကာ လယ် သမားများအား လယ်ဧကအလိုက် နွေစပါးမစိုက်ပျိုးသူ အိမ်ထောင်စုတစုလျှင် တဧက (၂,၀၀၀) ကျပ် ပေးဆောင်ရမည်ဟု ပြောဆိုကာ ပြီးခဲ့သည့် ဇန်န၀ါရီလကုန်မှစ၍ အဓမ္မစိုက်ပျိုးစေခိုင်းနေ ခြင်း ဖြစ်သည်။

“လာပိုင်းကျေးရွာဥက္ကဌ မျိုးလွင်ဦး၊  အဖွဲ့ဝင် မြင့်သောင်း၊ မြို့နယ်မြေစာရင်းက ဒု-ဦးစီး စန်းမြင့်နဲ့ စာရေး ဆန်းကျော်တို့က အထက်အာဏာပိုင်အမိန့်ဆိုပြီး အတင်းအဓမ္မ စိုက်ခိုင်းနေ တယ်။ မစိုက်လဲမစိုက်၊ ငွေလဲမပေးရင် အထက်ကိုတင်ပြပြီး ဖမ်းခိုင်းမယ်လို့ ခြိမ်းခြောက်တယ် လေ။ လာပိုင်းရွာက အိမ်ထောင်စု (၁၂၄) စုရှိတယ်၊ လယ်ဧက (၈၀၀)ကျော် ရှိတယ်”ဟု ဒေသခံ တဦးက ဆိုသည်။

အလားတူ ထိန်ငူကြီးကျေးရွာတွင်လည်း အထက်အမိန့်ဟုဆိုကာ (ရယက) ဦးမြင့်သန်းနှင့် မြေ စာရင်းဌာနတို့မှ ၀န်ထမ်းများပေါင်း၍ နွေစပါး အတင်းအဓမ္မ စိုက်ပျိုးခိုင်းစေနေပြီး ထိန်ငူကြီး ကျေးရွာတွင် အိမ်ထောင်စု (၂၀၀)ကျော်ရှိကာ လယ်ဧက (၁,၀၀၀)၀န်းကျင်ရှိကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။

“လယ်သမားတွေအနေနဲ့ အမျိုးမျိုးရှင်းပြတယ်၊ ခုအချိန်ဟာ လယ်ထဲကို ရေမရောက်ဘူး။ စက်နဲ့ မောင်းတင်ရမယ်။ ဆီဈေးတွေလဲ အဆမတန် မြင့်တက်နေတယ်၊ သူတို့ကြုံတွေ့ရမဲ့ အခြေ အနေကို ရှင်းပြတယ်။ ဒါကို ကျေးရွာအာဏာပိုင်နဲ့ မြေစာရင်းဝန်ထမ်းတွေက ဘာကြောင်းပြ ချက်မှ မပေးနဲ့။ အထက်ကစိုက်ခိုင်းရင် စိုက်ရမှာပဲလို့ကို ပြောတာ”ဟု အဆိုပါဒေသခံက ဆို သည်။

စစ်အစိုးရက နှစ်စဉ် နွေးစပါးစိုက်ပျိုးမှုများကို နိုင်ငံအနှံ့ပြုလုပ်ခဲ့ပြီး လယ်သမားများအနေဖြင့် ချေးငွေများနှင့် ဓါတ်မြေသြဇာများ လုံလောက်စွာ မရရှိမှု၊ ရေမရောက်သည့် လယ်များတွင် စက်သုံးဆီဈေးကြီးမားမှု စသည့်အခက်အခဲများ ကြုံတွေ့နေရသည့်ကြားမှ ယခုကဲ့သို့ ဒဏ်ငွေ ဆောင် ခြိမ်းခြောက်မှုများကိုလည်း ခံစားခဲ့ကြရသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org