Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

လယ်သမားများထံမှ စပါးကောက်ခံနေ

 

ဗထူး။ ဖေဖော်ဝါရီ ၁၅၊ ၂၀၀၇

 

မြေလွတ်မြေရိုင်းများကို ခုတ်ထွင်ရှင်းလင်း၍ စိုက်ပျိုးခဲ့သော လယ်သမားများထံမှ အာဏာပိုင် များက တဧကအလိုက် စပါးများ မပေးမနေရ ကောက်ခံမှုကို ဧရာဝတီတိုင်းအတွင် ပြုလုပ်လျှက် ရှိသည်။ 

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ မကြင်မြိုင်ကျွန်းတွင် သစ်တောခုတ်ထွင်ရှင်းလင်း၍ လယ်ယာမြေစိုက်ပျိုးသူ လယ်သမားများထံမှ အာဏာပိုင်များနှင့် (တစည)ပါတီဝင်တဦးက အတင်းအကြပ် ကောက်ခံနေခြင်းဖြစ်သည်။ 

စစ်အစိုးရက မြေလွတ်မြေရိုင်းများကို ဖော်ထုတ်၍ လယ်သမားမျာ၏ စိုက်ပျိုးခွင့်များကို ဆောင်ရွက်ပေးနေသည်ဟုဆိုကာ ယခုကဲ့သို့စပါးကောက်ခံနေခြင်းဖြစ်သည်။ 

“အပေါ်က ချပေးထားတဲ့ စွန်ပစ်မြေဖြစ်တယ်၊ ကိုယ်တိုင်ရှင်းလင်းခဲ့ကြတာ၊ ဒါကို (SB) အောက် ခြေ၀န်ထမ်းတွေကတဆင့် တဧက (၅)တင်းနှုန်းနဲ့ ကောက်နေတာ၊ မကြင်မြိုင်ကျွန်းမှာက လယ်ဧက (၅၀၀) ရှိတယ်ဟု” ဒေသခံတဦးက ဆိုသည်။  

အဆိုပါကျွန်းရှိ (ရယက)ဥက္ကဌ ထွန်းအောင်ခိုင်၊ အဖွဲ့ဝင် ၀င်းမြင့်၊ ရာအိမ်မှူး ဦးအေး၊ ပြည်သူ့ စစ်အဖွဲ့မှ ဦးဝင်းကြည်နှင့် ရပ်မိရပ်ဖ ဦးပေါက်စီတို့က လယ်သမားများထံမှ ဆက်ကြေး ကောက်သလို လိုက်ကောက်နေခြင်းဖြစ်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ စည်းရုံး ရေးမှူး သိန်းမြင့်ထွန်းကလည်း တဧက (၁)တင်းနှုန်းဖြင့် အဓမ္မကောက်ခံနေကြောင်း ၄င်းက ဆိုသည်။ 

ဒေသခံလယ်သမား (၆၀)က အဆိုပါ စပါးအတင်းအကြပ်ကောက်ခံနေမှုကို ခံနေရပြီး လယ်သမားများက ယခုလအတွင်း အထက်အာဏာပိုင်များထံ သိရှိအောင်ပြုလုပ်ခဲ့ရာ အာဏာ ပိုင်များက ဘိုကလေးမြို့နယ် ရဲသတင်းအထူးတပ်ဖွဲ့(SB)အား လယ်သမားများထံမှ ကောက်ခံ ခဲ့သည့် စပါးများပြန်ပေးရန် ပြောဆိုခဲ့သည်။ 

“မြို့နယ် (SB)က ခုထိကို ပြန်မပေးပါဘူးဗျာ၊ ဘယ်သူမှမရဘူး။ လယ်ကို ကိုယ်တိုင်ရှင်းပြီး တော့လည်း စိုက်ရသေးတယ်၊ ပြီးတော့ အတင်းအကြပ်ကို ကောက်တာ၊ စားဝတ်နေရေး အဆင် မပြေလို့ ကလေးတွေတောင် ကျောင်းမထားနိုင်ဘူး”ဟု ဒေသခံလယ်သမားတဦးက ဆိုသည်။ 

စစ်အစိုးရအနေဖြင့် လယ်သမားများထံမှ တာဝန်ကျေစပါးကောက်ခံမှုများကို ၂၀၀၃ ခုနှစ် အတွင်းကစ၍ အမိန့်စာထုတ်ပြန်ကာ ရပ်တန့်ခဲ့သော်လည်း ယခုအချိန်အထိ ဧရာဝတီတိုင်း အပါအ၀င် အခြားပြည်နယ်တိုင်းအသီးသီးတွင်လည်း အောက်ခြေအာဏာပိုင်များက နည်းအမျိုး စုံဖြင့် လယ်သမားများထံမှ ဧကအလိုက်စပါးများ မပေးမနေရ ဆက်လက်ကောက်ခံနေဆဲ ဖြစ်သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org