Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ၂၀၀၈ ရွေးကောက်ပွဲမျှော်လင့်

 

ရိုးမ ၃။ ဇန်န၀ါရီ ၁၀၊ ၂၀၀၇

 

မြန်မာစစ်အစိုးရသည် ၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ၁၆ နှစ်ကျော် လျစ်လျူရှုထားသော် လည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)သည် ၂၀၀၈ ခုနှစ် ရွေးကောက်ပွဲသစ် ကျင်းပနိုင်မည်ဟု ပြောကြားလိုက်သည်။

စစ်အစိုးရက လက်ရှိကျင်းပနေသော ညီလာခံကို ယခုနှစ်တွင် အဆုံးသတ်ပြီး ရွေးကောက်ပွဲ သစ် ကျင်းပနိုင်မည်ဟု ပြောဆိုနေစဉ် (တစည)ပါတီပြောဆိုချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

“ကျနော်တို့ဟာ အတိတ်ကအမှားတွေကို ပြန်လည်သုံးသပ်ရပါမယ်။ လာမဲ့ရွေးကောက်ပွဲမှာ ပါဝင်ဖို့အတွက် မဟာဗျူဟာအသစ်များကိုလည်း ချမှတ်ရပါမယ်”ဟု (တစည)ပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးခင်မောင်ကြီးက ပြောသည်။

စစ်အစိုးရပြုလုပ်နေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးညီလာခံမှာ ၂၀၀၇ ခုနှစ်တွင် အပြီး လုပ်ဆောင်နိုင်မည်ဖြစ်ပြီး ၂၀၀၈ ခုနှစ်ဆန်းတွင် ရွေးကောက်ပွဲပြုလုပ်နိုင်လိမ့်မည်ဟု ယုံကြည် ကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ယခင်မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ)ကို အသွင် ပြောင်း၍ (တစည)အမည်ဖြင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ မဲဆန္ဒနယ် (၄၈၅) တွင် ၁၀ နေရာသာ အနိုင်ရရှိခဲ့သည်။

စစ်အစိုးရအနေဖြင့် ၁၉၉၀ပြည့်ရွေးကောက်ပွဲရလဒ်ကို ယခုတိုင် လျစ်လျှူရှုထားကာ အနိုင်ရ ပါတီ အင်န်အယ်ဒီပါတီ၏ လှုပ်ရှားမှုများကို ကန့်သတ်ကာ ပါတီခေါင်းဆောင်များကိုလည်း အကျဉ်းချထားဆဲဖြစ်သည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ထုတ် စစ်အစိုးရပိုင် မြန်မာ့အလင်းသတင်းစာကလည်း (NLD)ပါတီသည် အနောက်နိုင်ငံကြီးအချို့နှင့် နီးစပ်လွန်းသည့်အတွက် ပါတီဖျက်သိမ်းခံရဖို့ ရက်နီးလာပြီဟု ခြိမ်းခြောက်ရေးသားခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org