Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

လူ့အခွင့်အရေးလှုပ်ရှားသူများက သံလွင်ရေကာတာတည်ဆောက်ရေးကို ကန့်ကွက်

 

 

ရိုးမ ၃။ ဖေဖော်ဝါရီ ၂၈၊ ၂၀၀၇

 

သံလွင်မြစ်အတွင်း ရေကာတာတည်ဆောက်၍ လျှပ်စစ်စွမ်းအားထုတ်ယူရန်အတွက် နှစ်နိုင်ငံ သဘောတူညီချက်ကို ကန့်ကွက်သည့်အနေဖြင့် ယနေ့ ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့တွင် သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများက ဆန္ဒပြ ကန့်ကွက် ခဲ့သည်။

၂၀၀၅ ခုနှစ်အတွင်းက ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာတပ်ဆင်လက်ထက်က နှစ်နိုင်ငံ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီး သံလွင်မြစ်ကြောင်းတလျှောက် ပြည်တွင်းနေရာ လေးခုနှင့် ထိုင်း-မြန်မာနယ်စပ်ရှိ အကြီးဆုံး ဟတ်ကြီးရေကာတာ တည်ဆောက်ရေးတို့ကို ယနေ့ ညနေ (၄)နာရီကျော်က ကန့်ကွက်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရေကာတာတည်ဆောက်ရေးလုပ်ငန်းကြောင့် မြန်မာပြည်အတွင်းပိုင်းနှင့် ထိုင်း-မြန်မာ နယ်စပ်ရှိ နှစ်ဘက်ပြည်သူအများအပြား ကျေးရွာများပြောင်းရွှေ့ပေးရခြင်း အပါအ၀င် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုကြောင့် လူ ရှစ်သန်း သုံးထောင်ခန့် အတိဒုက္ခရောက်ကြမည်ဟု ခန့်မှန်း ထားသည်။

“ဒေသခံလူထုတွေအတွက်တော့ အနှောင့်အယှက်ဖြစ်နိုင်တယ်။ အထူးသဖြင့် ပေါ်တာပေးရ တာတို့၊ လုပ်အားပေးသွားရတာတို့၊ လူ့အခွင့်အရေးချိုးဖောက်ခံရတာတို့၊ ကျေးရွာတွေ ရွှေ့ပြောင်းခံရတာတို့၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုဆိုရင် ထိုင်း-မြန်မာနယ်စပ်တလျှောက် ထိခိုက်နိုင်တယ်”ဟု ကရင်မြစ်ချောင်းစောင့်ကြည့်ရေးအဖွဲ့ လက်ထောက်တာဝန်ခံ စောက ရင်း(မ်) က ဆိုသည်။

မြန်မာပြည်တွင်း သံလွင်မြစ်ရေကာတာ တည်ဆောက်ရေးစီမံကိန်းကြောင့် စစ်အစိုးရတပ်စခန်း များ တိုးချဲ့တပ်စွဲလာခြင်းအားဖြင့် ဒေသခံကျေးရွာများ ပြောင်းရွှေ့ပေးရခြင်း၊ တပ်ပိုင် အဆောက်အဦများအတွက် လုပ်အားပေးရခြင်း၊ ရိက္ခာထောက်ပံ့ရခြင်းများ ပြုလုပ်ပေးရလိမ့် မည်ဟု ၄င်းက ဆက်လက်ပြောဆိုသည်။

အရှေ့တောင်အာရှတွင် အရှည်လျှားဆုံးဖြစ်သော သံလွင်မြစ်သည် ရှားပါးသစ်တောများ၊ သတ္တ၀ါများ၊ သံယံဇာတများပေါများလှသည့်အတွက် ရေကာတာတည်ဆောက်ရေးလုပ်ငန်း များ ဆက်လက်ပြုလုပ်ပါက မခန့်မှန်းနိုင်သည့် ဆုံးရှုံးမှုများ ဖြစ်ပေါ်လာမည့်အတွက် ပယ်ဖျက် ပေးရန် နိုင်ငံတကာမှ လှုပ်ရှားသူများက ကန့်ကွက်စာကို ထိုင်းနိုင်ငံဝန်ကြီးချုပ်ထံ လက်မှတ် ရေးထိုးပေးပို့ခဲ့ပြီး ယနေ့ မဲဆောက်မြို့တွင် ဆန္ဒပြသူများက ထိုင်းဝန်ကြီးချုပ်နှင့် စွမ်းအင် ဝန်ကြီးများထံ လက်မှတ်ရေးထိုးပေးပို့ရန် စာရွက်များကိုလည်း ဝေငှခဲ့သည်။

မြန်မာပြည်အတွင်း သံလွင်ရေကာတည်ဆောက်မှုကို တကမ္ဘာလုံးက ဆန့်ကျင်လှုပ်ရှားရန်  တောင်းဆိုတိုက်တွန်းသည့် အခမ်းအနား(Global Call to Action on Against the Salween Dams in Burma)တရပ်ကိုလည်း ကရင်မြစ်ချောင်းစောင့်ကြည့်ရေးအဖွဲ့က ထိုင်း-မြန်မာ နယ်စပ်တွင် အခမ်းအနားတရပ်ကို ယနေ့နံက်ပိုင်းက ပြုလုပ်သွားခဲ့ပြီး ညနေပိုင်း ဆန္ဒပြ ပွဲတွင် နိုင်ငံတကာမှ သဘာဝပတ်ဝန်းကျင်နှင့် လူ့အခွင့်အရေးလှုပ်ရှားသူများ ပါဝင်ခဲ့သည်။

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org