Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

စစ်အစိုးရက အင်တာနက်အသုံးပြုမှု စည်းကမ်းများတင်းကြပ်

 

ရိုးမ ၃။ ဖေဖော်ဝါရီ ၂၀၊ ၂၀၀၇

 

စစ်အစိုးရက မြန်မာနိုင်ငံတွင် အင်တာနက်အသုံးပြုသူများအား ကန့်သတ်သည့် စည်းကမ်း တင်းကြပ်မှုများကို ထုတ်ပြန်လိုက်သည်။ 

စစ်အစိုးရက သတင်းလွတ်လပ်ခွင့်များကို ပိတ်ပင်တားဆီးလျှက်ရှိရာ ယခုအခါ အင်တာနက် များမှတဆင့် နိုင်ငံတကာသတင်းဌာနများမှ မြန်မာပြည်ဆိုင်ရာသတင်းများ ဖတ်ရှုနေမှုများကို ကန့်သတ်ရန်အတွက် အင်တာနက်စင်တာအားလုံးသို့ လိုက်နာရမည့်စည်းကမ်းချက်များအား ယခုရက်ပိုင်းအတွင်း ပေးပို့ခဲ့ခြင်းဖြစ်သည်။ 

အချက် (၂၀)ပါ အဆိုပါ စည်းကမ်းပြဌာန်းချက်များကို မြန်မာအင်ဖိုတက်(ခ်ျ) (Myanmar Info-Teach)မှ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အခါအားလျှော်စွာ ထုတ်ပြန်ချက်များကို အင်တာနက် ဆိုင်များက အတိအကျလိုက်နာရန် ညွှန်ကြားထားသည်။  

“အချက်နံပတ် (၁၀) မှာက နိုင်ငံရေးဝက်(ဘ်)ဆိုက်တွေကို တက်ကြည့်ခွင့်မပြုရလို့ ထုတ်ထား တယ်။ Floppy Drive, CD Drive, USB Post တွေကို အသုံးပြုခွင့်မပေးဘူး။ အင်တာနက်ကနေ ဒေါင်းလော့ဒ်လုပ်မယ်ဆိုရင် ဆိုင်မှာ မှတ်ပုံတင်ပြီး ရေးကူးပေးရမယ်လို့ဆိုတယ်”ဟု အင်တာနက်အသုံးပြုသူတဦးက ဆိုသည်။ 

အင်တာနက်အသုံးပြုသူများ လာရောက်ပါက နိုင်ငံသားစီစစ်ရေးကဒ်ပြားကို ကြည့်ရှုစစ်ဆေးပြီး အမည်၊ မှတ်ပုံတင်အမှတ်၊ ဆက်သွယ်ရန်လိပ်စာ၊ ဖုန်းနံပါတ်များကို ဆိုင်များက မှတ်ပုံတင်ထား ရမည်ဖြစ်သည်။ လာရောက်သုံးစွဲသူများ၏ သုံးစွဲမှုမှတ်တမ်းအား မြန်မာအင်ဖိုတက်(ခ်ျ)သို့ နှစ်ပတ်တကြိမ် စီဒီဖြင့် ရေးသားပေးပို့ရမည်ဖြစ်ပြီး ကွန်ပြူတာမျက်နှာပြင်ကိုလည်း မြင်သာ သည့်ဘက်သို့ မျက်နှာမူထားရမည်ဟု စည်းကမ်းချက်များတွင် ဖော်ပြထားသည်။ 

စစ်အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင်းမှ လူ့အခွင့်အရေးချိုးဖောက်မှု၊ နိုင်ငံရေးလှုပ်ရှားသူများကို ကန့်သတ်ပိတ်ပင်မှုနှင့် သတင်းလွတ်လပ်ခွင့်များကို အပြည့်အ၀ ပိတ်ပင်တားဆီးနေမှုများကိုပြုလုပ်နေခြင်းနှင့်အတူ ယခုကဲ့သို့ အင်တာနက်အသုံးပြုသူများနှင့် အင်တာနက်စင်တာ ဖွင့်လှစ် ထားသူများအပေါ် ပိုမိုတင်းကြပ်သည့် အမိန့်စည်းကမ်း ချက်များကို ထပ်မံ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org