Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

စိုးရိမ်မှတ်လွန် ရက်စက်မှုများ’ အစီရင်ခံစာအတွက် (KWO)မှ သတင်းစာရှင်းလင်းပွဲပြုလုပ်

 
ဗထူး။ ဖေဖော်ဝါရီ ၁၂၊ ၂၀၀၇

 

 

ကရင်အမျိုးသမီးအစည်းအရုံး(KWO)က နအဖစစ်အစိုးရ၏ ကရင်လူထုအပေါ် အဓမ္မပြုကျင့်မှု များကို ဖော်ပြထားသည့် ‘စိုးရိမ်မှတ်လွန် ရက်စက်မှုများ’အမည်ရှိ အစီရင်ခံစာနှင့် ပတ်သက် သည့် သတင်းစာရှင်းလင်းပွဲတရပ်ကို ယနေ့နံနက်ပိုင်းက ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။

စစ်အစိုးရတပ်ရင်းပေါင်း (၄၀)မှ ရွာပေါင်း(၁၉၀)တွင် ကျူးလွန်ခဲ့သည့် မုဒိန်းမှု၊ လူသတ်မှု၊ ညှင်းပမ်းနှိပ်စက်မှုနှင့် အဓမ္မစေခိုင်းမှုအပါအ၀င် အမှုပေါင်း (၄,၀၀၀)ကျော်ကို မှတ်တမ်းတင်ထားသည်များကို အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။

“ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာနိုင်ငံအပေါ် ဆုံးဖြတ်ချက်ချဖို့ ကြိုးစားတာကို တရုတ်နဲ့ ရုရှားက ဗီတိုအာဏာသုံး ပယ်ချခဲ့တယ်။ ဒါ့အပြင် တောင်အာဖရိကကလည်း ကန့်ကွက်မဲ ပေးခဲ့ တာကြောင့် ကျမတို့ တကယ်ပဲ စိတ်ထိခိုက်ရပါတယ်။ ဒီလိုလုပ်လိုက်တာဟာ ကျမတို့ ကရင် ပြည်နယ်ထဲမှာ အကြမ်းဖက်စစ်ဆင်နေတာတွေကို အားပေးအားမြှောက်လုပ်နေသလိုပဲ၊ ကျမ တို့ကိုလည်း သေဒဏ်ပေးလိုက်တာနဲ့ အတူတူပဲ” ဟု (KWO)အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က ဆိုသည်။

အစီရင်ခံစာ၌ တုန်လှုပ်ချောက်ချားဖွယ် အမျိုးသမီးများ၏ထွက်ဆိုချက်များတွင် ကလေးများ မျက်စိရှေ့မှောက်တွင် အသတ်ခံရခြင်း၊ အမျိုးသမီးများအား မိုင်းရှင်းကရိယာအဖြစ် အသုံးပြုခံ ရခြင်းများအပြင် စစ်တပ်အတွက် လေးလံသည့်ပစ္စည်းများ ထမ်းပိုးပေးရခြင်းကြောင့် ကိုယ်ဝန်ပျက်ရသည့် လူတွေ့မေးမြန်းချက်များကို ဖော်ပြထားသည်။

ကျမတွေ့ဆုံမေးမြန်းခဲ့ရတဲ့ ရာနဲ့ချီတဲ့လူတွေရဲ့ ကြေကွဲစရာ အတွေ့အကြုံတွေဟာ ကျမစိတ်ကို တအားထိခိုက်စေခဲ့တယ်။ လူတိုင်းလူတိုင်း အသက်ရှင်ရပ်တည်ဖို့အတွက် အစွမ်းကုန် ရုန်းကန်နေရတဲ့အချိန်မှာ ဒီလို ငရဲကျနေတဲ့ဖြစ်ရပ်တွေကြား နေရတာဟာ လုံးဝ မခံမရပ်နိုင်အောင်ပဲ။ အခြေအနေတွေဟာ စိုးရိမ်ရေမှတ်ကို ကျော်နေပါပြီ”ဟု အချက်အလက် များ စုဆောင်းခဲ့သည့် နော်ဘလူးမင်းနိုက်ဇန်က ဆိုသည်။

(KWO)အဖွဲ့မှ ၂၀၀၄ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် ‘တိတ်ဆိပ်မှုကို ဖြိုခွင်းခြင်း’ အစီရင်ခံစာတွင် လည်း ကရင်အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အစီအစဉ်ချ ကျူးလွန်နေသည်များကို ဖော်ပြခဲ့ပြီးနောက် ယခုကဲ့သို့ ကရင်အမျိုးသမီးများ၏ အစီရင်ခံစာ ထပ်မံထွက်ပေါ်လာခြင်း ဖြစ်သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org