Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ကရင်အမျိုးသားနှီးနှောဖလှယ်ပွဲ ကျင်းပပြီးစီး

 

ဗထူး။ ဖေဖော်ဝါရီ ၅၊ ၂၀၀၇

 

 

ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ယခုလ (၁) ရက်နေ့မှ (၄)ရက်နေ့ထိ လေးရက်ကြာ ကျင်းပ ပြုလုပ်ခဲ့သည့် ကရင်အမျိုးသား စည်းလုံးညီညွတ်ရေး နှီးနှောဖလှယ်ပွဲကို ယမန်နေ့ ညနေပိုင်း က အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။

ကရင်အမျိုးသားအဖွဲ့အစည်း (၂၄)ဖွဲ့မှ ကိုယ်စားလှယ် (၆၇)ဦး တက်ရောက်ခဲ့သည့် အဆိုပါ နှီးနှောဖလှယ်ပွဲသို့ ထိုင်း-မြန်မာနယ်စပ်နှင့် ပြည်တွင်းပြည်ပမှ ကရင်လူငယ်အများစု ပါဝင် တက်ရောက်ခဲ့ပြီး နိုင်ငံတကာ၊ ပြည်တွင်းပြည်ပမှ ကရင်အမျိုးသားအဖွဲ့အစည်းများ၏ လှုပ်ရှားမှု များနှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)၏ အခြေအနေကို သုံးသပ်ဆွေးနွေးခဲ့ကြသည်။

“ပြည်တွင်းက လူငယ်ကိုယ်စားလှယ်တွေ ကနေဒါ၊ သြစတေးလျ၊ နယူးဇီလန် အစရှိတဲ့နေရာက လူငယ်တွေ တော်တော်များများ တက်လာကြတယ်။ တော်တော်ကို ပွင့်ပွင့်လင်းလင်း တင်ပြကြ၊ ဆွေးနွေးခဲ့ကြတယ်။ အထူးသဖြင့် (KNU)အတွင်းမှာဖြစ်ခဲ့တဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဝေဖန် အကြံပြုတာတွေ၊ ပြန်လည်သုံးသပ်တာတွေကို လုပ်နိုင်ခဲ့တယ်”ဟု ကိုယ်စားလှယ်တဦးက ဆို သည်။

နှီးနှောဖလှယ်ပွဲအပြီးတွင် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီး ကရင်အမျိုးသားထုတရပ်လုံး အနေဖြင့် နိုင်ငံရေးအသိအမြင် နိုးကြားတက်ကြွကာ ကရင်အမျိုးသားတော်လှန်ရေးနှင့် (KNU) အား အဖက်ဖက်မှ ၀န်းရံပံ့ပိုးသွားရန် အထူးလိုအပ်ကြောင်းနှင့် (KNU)ဗဟို၏ ဦးဆောင်မှုကို လက်မခံဘဲ လူတစုမှ စစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ခြင်းမှာ ကရင်အမျိုးသားများ အတွက် အကျိုးတစုံတရာမရှိသည်သာမက စည်းလုံးညီညွတ်ရေးကိုပါ ထိခိုက်ပျက်ပြားစေ သဖြင့် အဆိုပါလုပ်ရပ်အား ကန့်ကွက်ရှုံ့ချကြောင်း ပါရှိသည်။

ဆက်လက်၍ စစ်အစိုးရက ကရင်ပြည်နယ်အတွင်း ထိုးစစ်ဆင်တိုက်ခိုက်နေမှုသည် ကရင် အမျိုးသားများ ဘ၀လုံခြုံရေးကို ပျက်သုန်းစေသည့်အတွက် စစ်အစိုးရ၏ စစ်ဆင်တိုက်ခိုက်နေမှု များနှင့် နေ့စဉ် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကန့်ကွက်ရှုံ့ချကာ မြန်မာပြည်တွင်းမှ ပြဿနာအားလုံးကို ပြေလည်စေနိုင်မည့် စစ်မှန်သော တွေ့ဆုံဆွေးနွေးမှုကို အမြန်ဆုံး အကောင်အထည်ဖော်ရန် တိုက်တွန်းဖော်ပြခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org