Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

အီရန်နိုင်ငံ၏ နျူကလီးယားစွမ်းအင်ဆိုင်ရာအခွင့်အရေးကို စစ်အစိုးရထောက်ခံ

 

ဉာဏ်မောင်။ ဇန်န၀ါရီ ၆၊ ၂၀၀၇

 

အီရန်နိုင်ငံ၏ အရပ်သားသုံး နျူကလီးယား အတတ်ပညာဆိုင်ရာ အခွင့်အရေးကို မြန်မာ နိုင်ငံအနေဖြင့် အပြည့်အ၀ ထောက်ခံ ကြောင်း စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ပြီးခဲ့သည့် တနင်္ဂနွေနေ့က ပြောကြားလိုက်သည်။

 မြန်မာနိုင်ငံဆိုင်ရာ အီရန်သံအမတ် မစ္စတာ မိုဟာဆန်ပတ်အေးယန်း(Mohsen Pak Ayeen)နှင့် တွေ့ဆုံစဉ် ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

“နျူစွမ်းအင်အသုံးပြုရေးတွင်  အီရန်နိုင်ငံအပါအ၀င် ကမ္ဘာ့နိုင်ငံအားလုံး၏ အခွင့်အရေးနှင့် ပတ်သက်၍ မိမိတို့နိုင်ငံက ထောက်ခံသလို အာဆီယံအဖွဲ့ဝင်နိုင်ငံများကလည်း ထောက်ခံမှုပေး ရန် တိုက်တွန်းသွားမည်”ဟု နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ဆိုသည်။

အီရန်နိုင်ငံအနေဖြင့်လည်း  အီရန်-မြန်မာဆက်ဆံရေး တိုးတက်ကောင်းမွန်စေရန်နှင့် ဖွံ့ဖြိုးတိုး တက်စေရန်တို့အပြင် အစ္စလာမ်နိုင်ငံများ ပြင်ပသို့လည်း ဆက်ဆံရေးတိုးချဲ့ဆောင်ရွက်သင့် ကြောင်း တိုက်တွန်းခဲ့သည်။

ကမ္ဘာ့အင်းအားကြီးနိုင်ငံအချို့က ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အာဏာကို တလွဲအသုံးပြု ကာ မကြာသေးမီက မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အဆိုပြုချက်မူကြမ်း တင်သွင်းခြင်းသည် နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် ထိပ်တိုက်ရင်ဆိုင်ရန် ဦးတည်စေခဲ့သည်ဟု ဦးဉာဏ်ဝင်းက ပြောဆိုခဲ့သည်။

“မြန်မာပြည်ဟာ နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်မှုမရှိဘူးဆိုတာကို ကျနော်တို့ ယုံကြည်ပါတယ်။ တိုင်းပြည်အတွင်း လူ့အခွင့်အရေးကိစ္စဟာလည်း သင့်တော်သလို ဖြေရှင်းသွားနိုင်မဲ့ ပြည်တွင်းရေးကိစ္စတခုသာ ဖြစ်ပါတယ်”ဟု အီရန်သံအမတ် မစ္စတာမိုဟာဆန် ပတ်ဟေးယန်းက ပြောသည်။

အီရန်ကိုယ်စားလှယ်အဖွဲ့သည် တီဟီရန်ရှိ ငြိမ်းချမ်းသော နျူစီမံကိန်းအစီအစဉ်များကို အကျဉ်းချုပ် ရှင်းလင်းပြခဲ့ပြီး အီရန်နိုင်ငံခြားရေးဝန်ကြီး၏ အီရန်နိုင်ငံသို့ လာရောက်လည်ပတ် ရန် ဖိတ်ကြားစာကိုလည်း နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းထံ ပေးအပ်ခဲ့သည်။

အီရန်နိုင်ငံ၏ နျူစွမ်းအင်ထုတ်လုပ်မှုနှင့်ပတ်သက်၍ ကုလသမဂ္ဂနှင့် နိုင်ငံတကာတွင် အငြင်းပွား နေစဉ်တွင် မြန်မာစစ်အစိုးရမှ အီရန်နိုင်ငံ၏ နျူစွမ်းအင်အသုံးပြုမှုအပေါ် ယခုကဲ့သို့ ထောက်ခံ ကြောင်း သတင်းထွက်ပေါ်လာခဲ့သည်။

ပီးခဲ့သည့်နှစ်ပိုင်းအတွင်းကလည်း စစ်အစိုးရအနေဖြင့် မြောက်ကိုရီးယားမှ နျူစွမ်းအင်ဆိုင်ရာ ပညာရှင်များနှင့် တည်ဆောက်ရေး စက်ပစ္စည်းအစိတ်အပိုင်းများ မှာယူတင်သွင်းခဲ့သည့် သတင်းများဖြစ်ပေါ်ခဲ့သည့်အတွက် ယခုကဲ့သို့ အီရန်နှင့်ပတ်သက်သည့် နျူစွမ်းအင်အသုံးပြုမှု အပေါ် ထောက်ခံချက်ကို ဒေသတွင်းနိုင်ငံများအနေဖြင့် စိတ်ဝင်တစား စောင့်ကြည့်လေ့လာကြ မည်ဖြစ်သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org