Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ယခုနှစ်အတွင်း မြန်မာနိုင်ငံတွင် အခြေခံဥပဒေရေးဆွဲပြီးစီးမည်ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးပြော

 

ဉာဏ်မောင်။ ဖေဖော်ဝါရီ ၂၀၀၇

 

စစ်အစိုးရက အမျိုးသားညီလာခံခေါ်ယူ၍ အခြေခံဥပဒေ ရေးဆွဲနေသည့်လုပ်ငန်းမှာ ယခုနှစ်အတွင်း ပြီးဆုံးမည်ဟု အင်ဒိုနီးရှားနိုင်ငံနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဟတ်ဆန်ဝီဒါ ရုဒက ယမန်နေ့က ပြောဆိုလိုက်သည်။

နှစ်နိုင်ငံအကြား ဆွေးနွေးရန်အတွက် စစ်အစိုးရနိုင်ငံခြားရေး ဝန်ကြီး ဂျကာတာသို့ရောက်ရှိနေပြီး သတင်းစာရှင်းလင်းပွဲတွင် မစ္စတာဝီဒါရုဒက ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။ 

သတင်းထောက်များနှင့်တွေ့ဆုံစဉ် မစ္စတာ ၀ီဒါရုဒက နှစ်နိုင်ငံ ဆွေးနွေးပွဲတွင် စစ်တပ်အုပ်ချုပ်နေသော မြန်မာနိုင်ငံတွင် ဒီမိုကရေစီတိုးတက်မှုရှိနေပြီး စစ်အစိုးရအနေဖြင့် ယခုနှစ်အတွင်းပြီးဆုံးမည်ဟုထင်ရသော အခြေခံဥပဒေပေါ်တွင် အကောင်း မြင်လျှက်ရှိကြောင်း ပြောဆိုသည်။ 

သတင်းစာရှင်းလင်းပွဲသို့ ဦးဥာဏ်ဝင်းတက်ရောက်ခြင်းမရှိပဲ နှစ်နိုင်ငံဆွေးနွေးမှုအတွင်း အခြေခံ ဥပဒေသစ် ရေးဆွဲပြီးလျှင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမည်လားဆိုသည့် မစ္စတာ ဝီဒါရုဒအမေးကို ဦးဥာဏ်ဝင်းက ပြန်လည်ဖြေဆိုခြင်းမရှိခဲ့ပေ။ 

“ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ ကျနော် သူ့ကို တကူးတက မေးခွန်းမေးတာတောင်မှ သူက ဘာမှမပြောဘူး”ဟု မစ္စတာဝီဒါရုဒက ဆိုသည်။ 

စစ်အစိုးရအနေဖြင့် ၁၉၉၀ ပြည့် မေလရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုသည့်အပြင် အနိုင်ရ  (NLD)အပါအ၀င် တိုင်းရင်းသားပါတီများ၏ လှုပ်ရှားဆောင်ရွက်ခွင့်များကိုလည်း ပိတ်ပင်တားဆီးထားပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားခေါင်းဆောင်များကို နေအိမ်အကျယ်ချုပ်နှင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။ ပြီးခဲ့သည့် အင်္ဂါနေ့ကလည်း (NLD)ပါတီ ဒု-ဥက္ကဌ ဦးတင်ဦးကို နေအိမ်အကျယ်ချုပ်သက်တမ်း  တနှစ် ထပ်မံတိုးမြှင့်လိုက် သည်။ 

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ်များနှင့် ဖွဲ့စည်းထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP)မှ ဥက္ကဌ ဦးအောင်ရွှေနှင့် ဦးအေးသာအောင်တို့ကိုလည်း ယမန် နေ့က စစ်အစိုးရ ပြည်ထဲရေးဝန်ကြီးမှ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက ခေါ်ယူတွေ့ဆုံ၍ (CRPP) သည် အသင်းအဖွဲ့ဆိုင်ရာ တရားဥပဒေနှင့်မညီညွတ်သဖြင့် တရားဝင်းအဖွဲ့အစည်း မဟုတ် ကြောင်း၊ အကယ်၍ ဆက်လက်လှုပ်ရှားလုပ်ဆောင်မည်ဆိုပါက ထောင်ဒဏ် ၅ နှစ်အထိ အပြစ်ပေးအရေးယူနိုင်ကြောင်း ခေါ်ယူသတိပေးခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org