Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

စစ်တွေဆိပ်ကမ်းအတွက် အိန္ဒိယအစိုးရက ဒေါ်လာ(၁၀၃)သန်း ကူညီမည်

 

ဉာဏ်မောင်။ ၅၊ ၂၀၀၇

 

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှတဆင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသသို့ ကုန်ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းအတွက် အိန္ဒိယနိုင်ငံဗဟိုအစိုးရမှ ဆုံးဖြတ်ချက်ချခဲ့ပြီး မကြာမီ အကူအညီပေးရေးအစီအစဉ်များ စတင်တော့မည်ဖြစ်သည်။

စစ်တွေမြို့သည် မြန်မာပြည်မနှင့် ရခိုင်ရိုးမတောင်တန်းခြားထားပြီး ရှည်လျားကျဉ်းမြောင်းသည့် ပင်လယ်ကန်းရိုးတန်းဒေသတခုဖြစ်ကာ ငါးဖမ်းလုပ်ငန်း အောင်မြင်ဖြစ်ထွန်းနေပြီး ပြီးခဲ့သည့် နှစ်ပိုင်းအတွင်းက နိုင်ငံ၏ အကြီးမားဆုံးသော သဘာဝဓါတ်ငွေ့သိုက်တခု တူးဖော်တွေ့ရှိခဲ့ သည့် ဒေသဖြစ်သည်။

“ဒီလုပ်ငန်းဟာ ကုလားတန်မြစ် ဖွံ့ဖြိုးတိုးတက်ပြီး အရှေ့မြောက်ပိုင်းဒေသရှိ မီဇိုရမ်ပြည်နယ်နဲ့ ဘင်္ဂလားပင်လယ်အော်ကို ရေကြောင်းလမ်းကနေ ဆက်သွယ်ပေးခြင်းဖြစ်ပါတယ်”ဟု ပြည်နယ် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဖြစ်သူ ဂျေရမ်ရမ်မက်က ပြောသည်။

အိန္ဒိယဗဟိုအစိုးရအနေဖြင့် အဆိုပါ ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆုံးဖြတ်ချက်ချခဲ့ပြီး ဖြစ်သဖြင့် ကက်ဘိနက်အဖွဲ့မှ မကြာမီ သဘောတူခွင့်ပြုချက်ရရှိကာ  အဆိုပါဆိပ်ကမ်း တိုးတက်ခြင်းအားဖြင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက်သို့ ပင်လယ်ပြင်နှင့် ကုလားတန်မြစ်တို့ ဆက်သွယ်မိပြီး နိုင်ငံတကာနှင့် ကုန်သွယ်ရေးလုပ်နိုင်မည်ဟု ၄င်းကဆိုသည်။

အိန္ဒိယအစိုးရသည် ရခိုင်ပြည်နယ်မှထွက်ရှိသော သဘာဝဓါတ်ငွေ့ဝယ်ယူရန် ပိုက်လိုင်း ဆက်သွယ်ရေးတွင် ဘင်္ဂလားဒေ့ရှ်ဒေသအတွင်းမှ ဖြတ်သန်းဆက်သွယ်ခွင့် ငြင်းပယ်ခဲ့သည့် အတွက်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဆိပ်ကမ်းကို အသုံးပြုရန် ဘင်္ဂလားဒေ့ရှ် အစိုးရ၏အဆိုပြုချက်ကို စိတ်မ၀င်စားတော့ဘဲ ယခုကဲ့သို့ စစ်တွေဆိပ်ကမ်းကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အင်အားကြီးတရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံကြားရှိ စစ်အစိုးရအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အကူအညီများ သက်ဆိုင်ရာအစိုးရများထံမှ မြောက်များစွာ ရရှိနေခဲ့ပြီး မကြာသေးမီ ကလည်း အိန္ဒိယအစိုးရအနေဖြင့် မြန်မာစစ်အစိုးရအား စစ်လက်နက်ပစ္စည်း ထောက်ပံ့ကူညီမှု များ ပေးအပ်ခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org