Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

မန်မာနိုင်ငံ အဓမ္မအလုပ်ခိုင်းစေနေမှုအပေါ် စစ်ဆေးရန် စစ်အစိုးရ သဘောတူ

 

ဉာဏ်မောင်။ ဖေဖော်ဝါရီ ၂၇၊ ၂၀၀၇

 

မြန်မာစစ်အစိုးရသည် အဓမ္မအလုပ်ခိုင်းစေနေမှုနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်က လပေါင်းအတန်ကြာ ဖိအားပေးဆောင်ရွက်နေသော စုံစမ်းစစ်ဆေး ရေးရုံးဖွင့်ရန်ကို တနင်္လာနေ့က သဘောတူလိုက်ပြီဟု ILO မှပြောသည်။

မြန်မာစစ်အစိုးရနှင့် ILO ကြား နားလည်မှုယူထားသော ဤရုံးတွင် အလုပ်သမားကိစ္စ နှင့်ပတ်သက်၍ မကျေနပ်သူများသည် ရန်ကုန်အခြေစိုက် ILO အရာရှိများနှင့် လုံးဝလွတ်လပ် စွာ တိုက်ရိုက်တွေ့ဆုံခွင့်ရှိပြီး ၄င်းမကျေနပ်မှုများအတွက် စစ်အစိုးရမှ တိုင်ကြားသူများကို ဒုက္ခ ပေးလက်တုံ့ပြန်မည်မဟုတ်ကြောင်း သဘောတူညီချက်ရှိထားသည်ဟု ဂျီနီဗာအခြေစိုက် ILO ကြေညာချက်တွင် ဖေါ်ပြခဲ့သည်။

မြန်မာပြည်အတွင်းရှိ ဆက်ဆံရေးတာဝန်ခံအရာရှိသည် အတင်းအဓမ္မ အလုပ်ခိုင်းစေ ခံရသည့် အလုပ်သမားများနှင့် တိုက်ရိုက်တွေ့ဆုံဆွေးနွေး၍ ပြဿနာတခုချုင်းစီအလိုက် လျှို့ဝှက်သင့်သည့် ကိစ္စများကို အကန့်အသတ်အားဖြင့် လျှို့ဝှက်ထားရှိပြီး ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ဆောင်ရွက်ကြမည်ဖြစ်ပြီး အပြန်အလှန် သဘောတူညီချက်အရ အမှု စစ်ဆေးရေး အခြေခံသည့်ရုံးကို (၁၂) လ သို့မဟုတ် ၄င်းထက်ပို၍ တိုးချဲ့ ဖွင့်လှစ်ထားရန် ပါဝင်သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက မြန်မာပြည်တွင်း အတင်းအဓမ္မအလုပ်ခိုင်းစေခြင်းများ နှင့် ပတ်သက်သော အထောက်အထားများကို ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် အပြည်ပြည် ဆိုင်ရာ တရားရုံးသို့ တင်ပြပြီး အမြန်ဆုံး အရေးယူဆောင်ရွက်စေနိုင်မည့် ILO အုပ်ချုပ်ရေး အဖွဲ့ အစီရင်ခံစာကို ယခုလာမည့် မတ်လ (၂၃)ရက်နေ့တွင် တင်ပြမည်ဟု စစ်အစိုးရအား သတိပေးထားခဲ့သည်။

၁၉၉၈ ခုနှစ် ILO စုံစမ်းစစ်ဆေးရေးအဖွဲ့၏ တွေ့ရှိချက်အရ မြန်မာနိုင်ငံတွင် အတင်း အဓမ္မ အလုပ်ခိုင်းစေနေမှုကို အထူးသဖြင့် စစ်တပ်မှ စနစ်တကျ ဆိုးဆိုးဝါးဝါး ကျူးလွန်လျှက် ရှိပြီး  နှစ်ကာလရှည်ကြာကပင် အရပ်သားများအား စစ်ပွဲများတွင် အသုံးချနေမှုများကို လက်တွေ့ရပ်တန့်စေရန် ကြိုးစားရမည်ဖြစ်ပြီး ကုလသမဂ္ဂ အလုပ်သမားအေဂျင်စီမှ ဆန့်ကျင် ဘက် ပြစ်မှုကျူးလွန်သူများကိုလည်း သင့်လျော်သော အရေးယူဆောင်ရွက်မှုများကို ပြုလုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်းဆိုသည်။

ILO အနေဖြင့် ရုံးခွဲတခုအား ရန်ကုန်မြို့တွင် အခြေစိုက်၍ အချိန်ကြာမြင့်စွာကတည်း က ဖွင့်လှစ်ခဲ့သော်လည်း စစ်အစိုးရမှ အဓမ္မခိုင်းစေမှုများနှင့်ပတ်သက်၍ လွတ်လပ်စွာ စုံစမ်း ဖော်ထုတ်ခွင့်များကို ကန့်သတ်ထားခဲ့ရာမှ ယခုကဲ့သို့ ILO စုံစမ်းစစ်ဆေးရုံးကို ဖွင့်လှစ်ရန် သဘောတူခဲ့ခြင်းဖြစ်ပြီး အလုပ်သမားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် အောင်ကြည်က ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကလည်း အဓမ္မခိုင်းစေမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန် ILO ၏ တောင်းဆိုချက်ကို ငြင်းပယ်ခဲ့သည်။

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org