Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ခွဲခြားဆက်ဆံခြင်းသည် လူ့အခွင့်အရေးကို ချိုးဖောက်ရာရောက်ကြောင်း (HRDP)ကဆို

 

ရိုးမ ၃။ ဖေဖော်ဝါရီ ၂၇၊ ၂၀၀၇

 

ရန်ကုန်မြို့လယ်တွင် မိမိတို့ဆန္ဒသဘောထားများ ထုတ်ဖော်ပြသခဲ့သည့် ပြည်သူများအား စစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး သံရုံးများရှေ့ဆန္ဒပြသူများကို စစ်အစိုးရသတင်းစာများတွင် အားပေးဖော်ပြခဲ့ခြင်းသည် လူများအား ခွဲခြားဆက်ဆံခြင်းဖြစ်သောကြောင့် လူ့အခွင့်အရေး ချိုးဖောက်ရာရောက်ကြောင်း လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများ(HRDP)က ယမန်နေ့က သဘောထားထုတ်ပြန်ခဲ့သည်။

ကုန်ဈေးနှုန်းကြီးမြင့်မှု၊ ကျန်းမာရေးစောင့်ရှောင့်မှုအားနည်းခြင်းနှင့်၊ အခမဲ့ပညာသင်ကြားနိုင်မှု မရရှိခြင်းအပါအ၀င် အချက် (၁၇)ချက်ပါ ပိုစတာများကိုင်ဆောင်၍ ယခုလ (၂၂)ရက်နေ့က သဘောထားဖော်ထုတ်ပြသခဲ့သူများကို စစ်အစိုးရက ဖမ်းဆီးခဲ့ပြီးနောက် ယခုကဲ့သို့ (HRDP)၏ သဘောထား ထွက်ပေါ်လာခြင်းဖြစ်သည်။ 

ယခုလ (၂)ရက်နေ့တွင်လည်း ရန်ကုန်ကြည့်မြင်တိုင်ညဈေး၊ ညောင်ပင်လေးဈေးနှင့် အဝေး ပြေးကားဂိတ်များတွင် လူကိုးဦးက မိမိသဘောထားများကို ထင်ဟပ်သော စာရွက်စာတမ်းများ ကို လွတ်လပ်စွာ ဝေငှခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကြေညာချက် အပိုဒ် (၁၉)က လူတိုင်းသည် လွတ်လပ်စွာ တင်ပြယူဆပိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟဖော်ပြပိုင်ခွင့်ရှိပြီး အပိုဒ် (၂၀)တွင် လွတ်လပ် အေးချမ်းစွာ စုဝေးနိုင်ခွင့်နှင့် ဖွဲ့စည်းပိုင်ခွင့်ရှိသည်ဟု ဖော်ပြထားပြီး မိမိတို့သဘောထားများ  ဖော်ထုတ်ခဲ့သူများကို ဖမ်းဆီးခြင်းသည် လူ့အခွင့်အရေးချိုးဖောက်ရာရောက်ကြောင်း (HRDP) ကြေညာချက်က ဆိုသည်။

(၂၂)ရက်နေ့ ဆန္ဒပြမှုနှင့်ပတ်သက်၍ စစ်အစိုးရ၏ ဖမ်းဆီးခံရသူများမှာ ကိုမျိုးဦး၊ ကိုထင်ကျော်၊ ဦးလှမြင့်အေး၊ ဦးလှသိန်း၊ ဒေါ်ကြူကြူစမ်း(မင်္ဂလာတောင်ညွှန့်)၊ ကိုထွန်းထွန်း(ညောင်တုန်း)၊ ဦးတင်ဝင်း၊ ဒေါ်ခင်မေ၀င်းတို့ ဖြစ်သည်။ 

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org