|
လာမည့်
ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် ပြည်ထောင်စုနေ့အခမ်းအနားကို
နိုင်ငံရေးလှုပ်ရှားသူများ မကျင်းပနိုင်ရန် ဧရာဝတီတိုင်း၊
ဘိုကလေးမြို့ပေါ်အာဏာပိုင်များက ယခုရက်ပိုင်းအတွင်း
ပြင်ဆင်မှုများပြုလုပ်လျှက်ရှိသည်။
စွမ်းအားရှင်အဖွဲ့ဟုခေါ်ဆိုသည့် စစ်အစိုးရဖွဲ့စည်းထားသော အဖွဲ့က
ယခုရက်ပိုင်းအတွင်း ဘိုကလေးမြို့ပေါ် ရပ်ကွက်အသီးသီးမှ ၄င်းတို့၏
အဖွဲ့ဝင်အင်အားများကို စုဆောင်းနေခြင်းဖြစ် သည်။
“မြို့ပေါ်မှာ
နိုင်ငံရေးလှုပ်ရှားမှုမရှိအောင်ကို အစီအစဉ်တကျ ဖြိုခွဲနေတာ၊ ရပ်ကွက်နဲ့
ကျေးရွာအ လိုက် စွမ်းအားရှင်တွေကို လိုက်စုဆောင်းနေတာ၊ မြို့အနီးနားက
စစ်တပ်ကိုပါ အကူအညီ တောင်းဖို့ ပြင်ဆင်နေတာ”ဟု အမည်မဖော်လိုသည့်
အင်န်အယ်ဒီပါတီဝင်တဦးက ဆိုသည်။
စွမ်းအားရှင်အဖွဲ့ဆိုသူများသည် စစ်အစိုးရ၏ တရားဝင်ခွင့်ပြုချက်ဖြင့်
ဗြောင်ကျကျ လှုပ်ရှား ဆောင်ရွက်ကာ ဒီပဲယင်းပုံစံမျိုးဖြစ်အောင်
စီစဉ်ခြင်းဖြစ်ပြီး ဖျာပုံခရိုင်ဥက္ကဌ ဦးမျိုးချစ်ဆိုသူက
သူပိုင်နယ်မြေအတွင်း (NLD) လုံးဝ ကင်းစင်ရမည်ဟု ပြောဆိုနေသည်ကို
ပြည်သူများပင် သိ ရှိကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။
ပြီးခဲ့သည့်လ (၂၅)ရက်နေ့ကလည်း ဘိုကလေးမြို့နယ်၊ အင်န်အယ်ဒီပါတီဝင်များ၏
လပတ် အစည်းအဝေးကို မြို့နယ်(NLD)ဥက္ကဌ ဦးအောင်ခင်ဗိုလ်အိမ်တွင်
ကျင်းပပြုလုပ်ခဲ့ရာ ရဲနှင့် စွမ်းအားရှင် အင်အား(၁၀၀)ကျော်ဖြင့်
ဟန့်တားနှောင့်ယှက်မှုများ ပြုလုပ်ခဲ့ပြီး မြို့ပေါ် တယ်လီ
ဖုန်းလိုင်းများကို ဖြတ်တောက်ထားခဲ့သည်။
စစ်အစိုးရအနေဖြင့် ၄င်းတို့တရားဝင်ဖွဲ့စည်းထားသည့်
ကြံ့ခိုင်ဖွံ့ရေးအသင်း(ကြံ့ဖွံ့)နှင့် စွမ်းအားရှင်များကို အသုံးပြု၍ (NLD)
ပါတီနှင့် နိုင်ငံရေးလှုပ်ရှားမှုများကို နည်းမျိုးစုံသုံး၍
နှောင့်ယှက်မှုများ ပြုလုပ်ခဲ့ရာ ယခုနှစ်၊ ဇန်န၀ါရီလ (၄)ရက်နေ့ကလည်း
ဘိုကလေးမြို့တွင် (NLD)ပါတီ၏ လှုပ်ရှားမှုများကို
နှောင့်ယှက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြသည်။ |