Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

            ထိုင်း-မြန်မာနယ်စပ်တွင် ချင်းအမျိုးသားနေ့ကျင်းပ  

 

ရိုးမ ၃။ ဖေဖော်ဝါရီ ၂၀၊ ၂၀၀၇

 

 

ဒီကနေ့ ကျရောက်သည့်(၅၉)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို နယ်စပ်အခြေစိုက် ဇိုမီးကျောင်းသားလူငယ်အဖွဲ့က ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ဒီကနေ့ မနက်ပိုင်းက ပြုလုပ် ကျင်းပသည်။ 

(၁၉၄၈)ခုနှစ် ဖေဖေါ်ဝါရီလအတွင်း ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ချင်းမျိုးနွယ်စုအသီးသီးမှ ပဒေသရာဇ်စနစ်ကို လူထုဆန္ဒဖြင့် လွတ်လပ်စွာ ဖျက်သိမ်းပြီး ဒီမိုကရေစီကျင့်သုံးရန် ဆုံးဖြတ်ခဲ့ သည့် ဖေဖေါ်ဝါရီလ (၂၀)ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ကာ အထိမ်းအမှတ် အခမ်းအနားကျင်းပခြင်း ဖြစ်သည်။ 

“ပြည်တွင်းမှာဆို ကျနော်တို့ ကျင်းပလို့မရဘူး။ အတားအဆီးတွေ တအားများတယ်။ ဒီတော့ နယ်စပ်မှာ ရောက်လာတဲ့ ကျနော်တို့ ဇိုမီးလူငယ်များကနေပြီးတော့ ချင်းအမျိုးသားနေ့ရဲ့ အနှစ်သာရဖြစ်တဲ့ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီအခွင့်အရေးကို အခြားတိုင်းရင်းသားတွေပါ သိရှိ အောင် ရည်ရွယ်ကျင်းပတာဖြစ်ပါတယ်” ဟု ဇိုမီးကျောင်းသားလူငယ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တာန်ထော်ပီးက ပြောသည်။ 

ထိုင်း-မြန်မာနယ်စပ်မှာ ချင်းအမျိုးသားနေ့အဖြစ် ကျင်းပတာမဟုတ်ဘဲ ဇိုမီးအမျိုးသားနေ့အဖြစ် ခေါင်းစဉ်တပ်ကာ ကျင်းပခဲ့သလို မြန်မာပြည်တွင် စစ်အစိုးအဆက်ဆက်က ချင်းပြည်နယ်နေ့ အဖြစ်သာ ကျင်းပခွင့်ပြုသည်။ 

နယ်စပ်အခြေစိုက် ဇိုမီးကျောင်းသားလူငယ်အဖွဲ့က ပြုလုပ်သည့် (၅၉)နှစ်မြောက် ဇိုမီးအမျိုးသား နေ့ အခမ်းအနားသို့ ဧည့်ပရိသတ်(၆၀)ကျော် တက်ရောက်ခဲ့သည်။

အမေရိကန်နိုင်ငံရောက် မြန်မာပြည်ဖွား ချင်းတိုင်းရင်းသားများသည် ဖေဖော်ဝါရီလ (၁၈)ရက် နေ့တွင်၎င်း၊ တောင်ကိုရီရားနိုင်ငံရောက် ချင်းတိုင်းရင်းသားများက ဖေဖေါ်ဝါရီလ (၁၉)ရက်နေ့ တွင်၎င်း၊ (၅၉)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနားများ ကျင်းပခဲ့သည်။

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org