Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ကမ္ဘာ့အေအိုင်ဒီအက်ရောဂါတိုက်ဖျက်ရေးနေ့ ကျင်းပ

ရိုးမ ၃။ ဒီဇင်ဘာ ၃၊ ၂၀၀၇

ပြီးခဲ့သည့် ဒီဇင်ဘာလ (၁) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့အေအိုင်ဒီအက်စ်ရောဂါ တိုက်ဖျက်ရေးနေ့ကို ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့တွင် ကျင်းပခဲ့သည်။ 

မဲဆောက်မြို့နှင့် ထိုင်းနိုင်ငံအတွင်းရှိ ကျန်းမာရေးစောက်ရှောင့်မှုအသင်းများ၊ အမျိုးသမီး အဖွဲ့များ၊ အလုပ်သမားမှ ကမကထပြုလုပ်ကာ လမ်းလျှောက်လှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

ထောင်နှင့်ချီသည့် အလုပ်သမားများပါဝင်ကာ မဲဆောက်ဆေးရုံကြီးမှ ၄ ကီလိုမီတာ ဝေးကွာ သည့် အခမ်းအနားကျင်းပရာ မယ်တော်ဆေးခန်းသို့ ချီတက်ခဲ့ကြပြီး အေအိုင်ဒီအက်စ် ကာကွယ်ရေး၊ တိုက်ဖျက်ရေး လက်ကိုင်ပိုစတာများ ကိုင်ဆောင်ပြီး လမ်းဘေးတလျှောက်ရှိ ခရီးသွားများအား ကျန်းမာရေးပညာပေး လက်ကမ်းစာစောင်များ၊ လိင်ဆက်ဆံရာတွင် အသုံးပြုသည့် ကွန်ဒုံးများကို ဝေငှခဲ့ကြသည်။ 

အေအိုင်ဒီအက်ရောဂါပျောက်ကင်းရန်အတွက် ယခုအချိန်အထိ ဆေးဝါးဖော်ထုတ်နိုင်ခဲ့ခြင်း မရှိသေးဘဲ ကမ္ဘာပေါ်တွင် လူသားအသက်အန္တရာယ်ကို ခြိမ်းခြောက်လျှက်ရှိရာ စစ်အစိုးရ လက်အောက်ရှိ မြန်မာနိုင်ငံတွင် အေအိုင်ဒီအက်စ်ရောဂါတိုက်ဖျက်ရေး အစီအစဉ်မှာ လွန်စွာ အားနည်းလျှက်ရှိသည်။ 

နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် ရောဂါသုံးမျိုး တိုက်ဖျက်ရေးအစီအစဉ်များ မြန်မာနိုင်ငံ အတွင်း ပြုလုပ်ခဲ့သော်လည်း စစ်အစိုးရ၏ ကန့်သတ်မှုများကြောင့် ထိရောက်စွာ အကူအညီ မပေးနိုင်ခဲ့ချေ။ 

ထို့အပြင် ပြီးခဲ့သည့် စက်တင်ဘာလက ဖြစ်ပွားခဲ့သည့် သံဃာနှင့် လူထုလှုပ်ရှားမှုအတွင်း ဘုန်းကြီးကျောင်းများအား အကြမ်းဖက်စီးနင်းခဲ့ရာ အနယ်နယ်အရပ်ရပ်မှ ဝေဒနာရှင်များကို အခမဲ့ ကုသပေးနေသည့် မဂ္ဂင်ဘုန်းကြီးကျောင်းကိုပင် ဝင်ရောက်ဖျက်ဆီးကာ  ဝေဒနာရှင်များ ကို နယ်အသီးသီးသို့ အဓမ္မ စေလွှတ်ခဲ့သည်။ 

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့တွင် မြန်မာနိုင်ငံဘက်မှလာရောက်သည့် ပြည်သူများ အတွင်းမှ တနှစ်လျှင် HIV/AIDS ဝေဒနာသည် ၄၀၀ နီးပါးခန့် ဆက်လက်ဖြစ်ပွားနေသည်ဟု မယ်တော်ဆေးခန်းမှ ဒေါက်တာစင်သီယာမောင်က ဆိုသည်။ 

အဆိုပါနေ့ ကျင်းပသည့် လှုပ်ရှားမှုတွင် World Vision, Social Action for Woman (SAW), Map foundation  စသည့် အဖွဲ့အစည်းများမှ ကျန်းမာရေးဝန်ထမ်း ၂၀၀ ခန့်က ပူးပေါင်းပါဝင် ခဲ့သည်။ 

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org