Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ကုလလူ့အခွင့်အရေးကိုယ်စားလှယ် ဒုတိယအကြိမ် မြန်မာပြည်သို့ဝင်ရောက်ရန် ဆုံးဖြတ်

ဉာဏ်မောင်။ ဒီဇင်ဘာ ၁၇၊ ၂၀၀၇

ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်အား မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် သွားရောက်ရန် ကုလလူ့အခွင့်အရေးကောင်စီက ဆုံးဖြတ်လိုက်သည်။

ယခုလ (၁၅) ရက်နေ့ကကျင်းပသည့် အဖွဲ့ဝင် (၄၇) နိုင်ငံမှ ကိုယ်စားလှယ်များပါဝင်သည့် လူ့အခွင့်အရေးကောင်စီက ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

သံဃာတော်များဦးဆောင်သည့် ဒီမိုကရေစီရေးတောင်းဆိုဆန္ဒပြမှုအား စစ်အစိုးရက အကြမ်းဖက် နှိမ်နင်းခဲ့ပြီးနောက် ကုလအထူးကိုယ်စားလှယ်သည် နိုဝင်ဘာလအတွင်းက စစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ပထမအကြိမ် စုံစမ်းစစ်ဆေးရန် မြန်မာနိုင်ငံ တွင်းသို့ သွားရောက်ခဲ့သည်။ 

မြန်မာစစ်အစိုးရက ဒီမိုကရေစီရေးအတွက် ကန့်ကွက်ဆန္ဒပြသူများကို နှိမ်နင်းခဲ့မှုနှင့် ပတ်သက် ၍ အသေးစိတ် ထပ်မံစုံစမ်းရန်အတွက် လူ့အခွင့်အရေးကောင်စီ (၆)ကြိမ်မြောက် အစည်းအဝေး ၏ ဆုံးဖြတ်ချက် (၁၃) ဖြင့် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်သွားရောက်နိုင်ရန် သောကြာနေ့က ဖိအားပေးမှုအသစ် ပြုလုပ်လိုက်ခြင်းဖြစ်သည်။ 

မစ္စတာပီညဲရိုး၏ နိုဝင်ဘာ (၁၁) မှ (၁၅) ရက်အတွင်း သွားရောက်စုံစမ်းခဲ့ချက်အရ ဒီမိုကရေစီ ရေး လှုပ်ရှားမှုတွင် အနည်းဆုံး ၃၁ ဦးသေဆုံးပြီး ၇၄ ဦးပျောက်ဆုံးနေကြောင်း ဖော်ပြထားကာ အစီရင်ခံစာတွင် ဖမ်းဆီးထိန်းသိမ်းထားသူ ၆၅၃ ဦးရှိပြီး အသေအပျောက်စာရင်းမှာလည်း အစိုးရ၏ တရားဝင်ထုတ်ပြန်ချက်ထက် နှစ်ဆရှိခဲ့သည်။ 

(၅၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကလည်း ကုလအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက စစ်အစိုး၏လုပ်ရပ်သည် နိုင်ငံတကာ၏ စိတ်ရှုပ်သီးခံနိုင်မှုအတိုင်းအတာ ထက် ကျော်လွန်နေ၍ ပြည်သူများအပေါ် ဒုက္ခပေးနှိပ်စက်မှုများကို ရပ်တန့်ပြီး ဒီမိုကရေစီကို ကျင့်သုံးလိုက်နာရန် ဘန်ကောက်မြို့သတင်းစာရှင်းလင်းပွဲတွင် သတိပေးပြောကြားခဲ့သည်။

စစ်အစိုးရကမူ ကုလသမဂ္ဂ၏ဆုံးဖြတ်ချက်များအပေါ် ဟန်ပြလုပ်ဆောင်နေပြီး နိုင်ငံရေးအရ လှုပ်ရှားတက်ကြွသူများကို ဆက်လက်ဖမ်းဆီးချုပ်နှောင်ခြင်းများ ညှဉ်းပန်းနှိပ်စက်ခြင်းများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org