Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ရေကာတာစီမံကိန်းကြောင့် ဆိုးကျိုးများဖြစ်ပေါ်ခဲ့ခြင်းအပေါ် သတင်းစာရှင်းလင်းပွဲပြုလုပ်

ဗထူး။ ဒီဇင်ဘာ ၃၊ ၂၀၀၇

ရေကာတည်ဆောက်မှုကြောင့် ဆိုးကျိုးများဖြစ်ပေါ်လာသည့် အခြေအနေများကို တင်ပြထား သည့် အစီရင်ခံစာအတွက် သတင်းစာရှင်းလင်းပွဲတခုကို ပလောင်လူငယ်လုပ်ငန်း ကွန်ယက် အဖွဲ့ (PYNG) က ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ယနေ့နံနက်က ပြုလုပ်ခဲ့သည်။ 

ပလောင်(တအာင်း)လူမျိုးများနယ်မြေတွင် စစ်အစိုးရက ရေကာတာတည်ဆောက်ခဲ့ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ပြည်သူများ ထိခိုက်နစ်နာခဲ့သည့်အတွက် ယခုကဲ့သို့ အစီရင်ခံစာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

ပလောင်အမျိုးသားများအခေါ် အွန်သမောင်း(ရွှေလီ) မြစ်ကို ဖြတ်ကာ စစ်အစိုးရက တရုတ်နိုင်ငံ အကူအညီဖြင့် ရေကာတာ ၃ ခု ဆောက်လုပ်သည့် စီမံကိန်းကြောင့် လူနေအိမ်၊ ဥယျာဉ်ခြံ၊ လ္ဘက်ခင်းနှင့် လယ်ယာမြေအမြောက်အများ ပျက်စီးဆုံးရှုံးမှုများကို အပိုင်း (၆) ပိုင်းခွဲခြားကာ စာမျက်နှာ (၅၅) မျက်နှာပါ ‘စစ်ဖိနှပ်အောက်က ရွှေလီမြစ်’အမည်ဖြင့် အစီရင်ခံစာကို ထုတ်ပြန် ခဲ့သည်။ 

(PYNG) အဖွဲ့မှ မိုင်ပိုင်စိုးက ၎င်းတို့အဖွဲ့ဖြစ်ပေါ်လာပုံကို ရှင်းလင်းခဲ့ပြီး ပလောင်လူငယ် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန တာဝန်ခံ မိုင်အောင်ကိုက ‘စစ်ဖိနပ်အောက်က ရွှေလီမြစ်’ အစီရင်ခံစာ စာအုပ်အကြောင်းနှင့် စုစည်းခဲ့ရပုံများကို ရှင်းလင်းခဲ့သည်။ 

ရွှေလီမြစ်ကိုဖြတ်ကာ ရေကာတာတည်ဆောက်ခဲ့ရာ ပထမဆုံးအနေဖြင့် မန်တပ်ကျေးရွာတွင် စတင်ဆောက်လုပ်ခဲ့ရာ စစ်တပ်များနှင့် စစ်စခန်းများ တည်ဆောက်ကာ တရုတ်နိုင်ငံမှ ရေကာတာ တည်ဆောက်ရေးလုပ်သား ၂၀၀ ဖြင့် စတင်ခဲ့သည်။ 

ကျား/မ ၅၁ ဦးကို ကိုယ်တိုင်တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ရာ အဆိုပါဒေသတခုအတွင်းတွင်ပင် ပလောင်လူမျိုး မိသားစု ၈၅ စုထံမှ ပိုင်ဆိုင်မှုအမြောက်အမြား ဆုံးရှုံးခဲ့သည်။ 

ယခုရေကာတာတည်ဆောက်ပြီး လျှပ်စစ်ဓါတ်အား စတင်ထုတ်လုပ်ချိန်မှစ၍ တရုတ်နိုင်ငံ
YUPD ကုမ္ပဏီမှ စီမံကွပ်ကဲအုပ်ချုပ်သွားပြီး နှစ် ၄၀ ပြည့်မှ စစ်အစိုးရထံ လွှဲပြောင်းသွားမည်ဟု ဆိုသည်။ 

“လောပိတကို ဥပမာပေးကြည့်မယ်ဆိုရင် ဒီရေကာတာ တည်ဆောက်လို့ ထွက်လာတဲ့ လျှပ်စစ် ဓါတ်အားတွေကို ကျနော်တို့ပလောင်အမျိုးသားတွေ ခံစားရမှာမဟုတ်ဘူးဆိုတာ သေချာတယ်၊ အခုပဲ အဓမ္မလုပ်အားပေးခိုင်းတာတွေ၊ ပေါ်တာဆွဲတာတွေ လုပ်ခဲ့တယ်”ဟု အဆိုပါ လူငယ် ကွန်ယက်အဖွဲ့မှ လူငယ်တဦးက ဆိုသည်။ 

စစ်အစိုးရ၏ ခမရ(၁၄၄) မှ အင်အား ၃၀၀ ခန့် စတင်အခြေစိုက်ချိန်မှစ၍ လူနေမှုဘဝ လုံခြုံမှု များ ကင်းမဲ့သလို အထူးသဖြင့် စစ်အစိုးရတပ်များက ပလောင်အမျိုးသမီးငယ်များအား အဓမ္မ ထိမ်းမြားလက်ထပ်ခြင်းများ ပြုလုပ်လာပြီး အမျိုးသမီးများ လုပ်ငန်းခွင်များသို့ သွားရောက်သည့် အခါ လုံခြုံရေး ပိုမိုကင်းမဲ့လာသည်ဟု ပလောင်အမျိုးသမီးအဖွဲ့မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် လိုည်းနွေနှောင်းက ဆိုသည်။

စစ်အစိုးရက ပလောင်လူမျိုးများနေထိုင်ရာဒေသသို့ ဆန်၊ ဆီနှင့် ကုန်ပစ္စည်းများ တင်သွင်းခွင့် ကို ပိတ်ပင်ထားသည့်အတွက် ဒေသနေ ပလောင်ပြည်သူများအခြေအနေနှင့်ပတ်သက်၍ လွေးနွေနှောင်းက “တရုတ်ကုန်ပစ္စည်းတွေ ရောင်းချတဲ့ ဆိုင်ဖွင့်ထားလည်း ဈေးသိပ်ကြီးတော့ ဝယ်မစားနိုင်ဘူး၊ အစိုးရကလည်း ကုန်သွယ်ခွင့်ပိတ်ထားတော့ ပြည်သူတွေက ဆန်ပြုတ် သောက်ရ၊ ပြောင်းစားရတဲ့လူတွေလည်း ရှိနေတယ်၊ တော်တော်လေးကို အခြေအနေက ဆိုးဝါး ပါတယ်” ဟု ဆိုသည်။   

ယခုတည်ဆောက်ပြီးပြီဖြစ်သည့် မန်တပ်ကျေးရွာ ရေကာတာအပြင် စစ်အစိုးရက မိုးမိတ်ဒေသ အတွင်း နောက်ထပ် ရေကာတာနှစ်ခုကို ထပ်မံတည်ဆောက်သွားမည်ဖြစ်သည်။ 

ပလောင်လူငယ်ကွန်ယက်အဖွဲ့မှ ယခုရေကာတည်ဆောက်မှုကြောင့် ပျက်စီးဆုံးရှုံးရသည့် အခြေအနေများကို တရုတ်အစိုးရထံ အိတ်ဖွင့်ပေးစာတစောင် ပေးခဲ့ပြီး အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်(ILO)နှင့် စစ်အစိုးရကြား ချုပ်ဆိုထားသည့် သဘောတူညီချက်များကို ချိုးဖောက်သည့်အတွက် (ILO)သို့လည်း တင်ပြထားသည်ဟု ဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org