Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

အထက်မြန်မာပြည် ဦးဆောင်သံဃာတော် ဦးဉာဏိန္ဒ
ထိုင်း-မြန်မာနယ်စပ်ကိုရောက်ရှိ

ဗထူး။ ဒီဇင်ဘာ ၂၂၊ ၂၀၀၇  

အထက်မြန်မာပြည် သံဃာလှုပ်ရှားမှုတွင် သံဃာ့တပ်ပေါင်းစုခေါင်းဆောင် အရှင်ဂမ္ဘီရနှင့်အတူ ဆောင်ရွက်ခဲ့သည့် မန္တလေး ဦးဆောင်သံဃာတော် ဦးဉာဏိန္ဒသည် စစ်အစိုး၏ လိုက်လံ ဖမ်းဆီးမှုကို တိမ်းရှောင်ရင်း ထိုင်း-မြန်မာနယ်စပ်သို့ ဒီဇင်ဘာလ (၂၁) ရက်နေ့ မနက်ပိုင်းက ရောက်ရှိလာခဲ့သည်။ 

စစ်အစိုးရက စက်တင်ဘာလအတွင်းဖြစ်ပွားခဲ့သည့် သံဃာနှင့်ပြည်သူလှုပ်ရှားမှုအား အကြမ်းဖက်ဖြိုခွဲခဲ့ပြီးနောက် ပါဝင်လှုပ်ရှားခဲ့သည့် သံဃာများကို လိုက်လံဖမ်းဆီးနေခြင်း ကြောင့် ယခုကဲ့သို့ ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိလာခြင်းဖြစ်သည်။ 

သံဃာ့တပ်ပေါင်းစုခေါင်းဆောင် အရှင်ဂမ္ဘီရအား စစ်အစိုးရက ဖမ်းဆီးခဲ့ပြီးနောက် သူနှင့်အတူ ဦးဆောင်ပါဝင်ခဲ့သည့် မန္တလေးစာချဆရာတော် ဦးဉာဏိန္ဒနှင့် သံဃာ ၄ ပါးအား နိုင်ငံတော် ပုန်ကန်မှုနှင့် ဆုငွေထုတ်ကာ လိုက်လံဖမ်းဆီးမှုများပြုလုပ်ခဲ့သည်။ 

“အဓိကကတော့ အဲဒီခြောက်ပါးထဲမှာမှ ဦးဂမ္ဘီရနဲ့ ဦးဇင်းကိုပေါ့နော်။ ဦးဇင်းတို့ ဆွမ်းခံထွက်ခွင့် တောင် မရလောက်အောင်ပဲ ဆွမ်းခံထွက်ရင် ဖမ်းမယ်ပေါ့လေ၊ ဒီဦးဇင်းတွေကို ဖမ်းနိုင်ဖို့ သတင်းပေးနိုင်မယ်ဆိုလို့ရှိရင် ကျပ်ငွေတသိန်းနဲ့ GSM ဖုန်းတလုံး ချီးမြှင့်မယ်လို့ ထုတ်ပြန် ထားပါတယ်။ အဲဒါကို ဦးဇင်းရဲ့မိတ်ဆွေတွေက အသိပေးလို့ ကိုယ့်အတွက် လွတ်လပ်ခြင်း အလျဉ်းမရှိတော့တဲ့ နေရာ၊ နိုင်ငံမှာ၊ နယ်မြေပေါ်မှာ ဘ၀ရဲ့အချိန်တွေကို မဖြုန်းတီးချင်လို့ ဒီဘက်ကို ထွက်လာတာပေါ့”ဟု အရှင်ဉာဏိန္ဒက မိန့်သည်။ 

သံဃာတော်များပြုလုပ်ထားသည့် ပတ္တနိက္ကုဇ္ဇနကံဆောင်ခြင်းမှာ မပြီးဆုံးသေးပဲ စက်တင်ဘာ လအတွင်းကလို သံဃာတော်များ လမ်းမပေါ်ထွက်ကာ ဆန္ဒဖော်မည်မဟုတ်ပဲ စစ်အာဏာရှင် စနစ် မြန်မာပြည်မှ ပျောက်သွားအောင် ပုံစံတမျိုးဖြင့် ဆက်လက်ပြုလုပ်သွားမည်ဟု ဆက်လက် မိန့်ဆိုသည်။ 

မန္တလေးမှ စာချဆရာတော်ကို လိုက်လံဖမ်းဆီးသလို မြန်မာနိုင်ငံအနှံ့ သံဃာလှုပ်ရှားမှုတွင် ပါဝင်သည့် သံဃာတော်များအားလည်း လိုက်လံဖမ်းဆီးနေသဖြင့် ထိုင်း-မြန်မာနယ်စပ်သို့ တိမ်းရှောင်လာရသူ သံဃာအပါး ၂၀ ကျော် ရှိသည်ဟု ထိုင်း-မြန်မာနယ်စပ်တွင် ဖွဲ့စည်းခဲ့သည့် ‘ရွှေဝါရောင် သောတုဇနဘိက္ခု’အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ အရှင် ဦးရေ၀တက မိန့်ဆိုသည်။ 

ကုလသမဂ္ဂအနေဖြင့် စစ်အစိုးရအား ဖမ်းဆီးထိန်းသိမ်းထားသူများအား ပြန်လည်လွှတ်ပေး ရန်နှင့် ဆက်လက်ဖမ်းဆီးနေမှုများအား ရပ်တန့်ရန် တောင်းဆိုခဲ့သော်လည်း စစ်အစိုးရက စက်တင်ဘာလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ကျောင်းသား၊ သံဃာနှင့် ပြည်သူများအား ဆက်လက် ရှာဖွေဖမ်းဆီးနေဆဲဖြစ်သည်။ 
 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org