Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ကရင်ပြည်နယ်အတွင်း စစ်အစိုးရထိုးစစ်ဆင်
တိုက်ပွဲများဖြစ်ပွား

ရိုးမ ၃။ ဒီဇင်ဘာ ၁၀၊ ၂၀၀၇ 

ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်ရာ ကရင်ပြည်နယ်အတွင်း စစ်အစိုးရတပ်များ အင်အားတိုးချဲ့ကာ အလုံးအရင်းဖြင့် ထိုးစစ်ဆင်လျှက်ရှိသည်။ 

စက်တင်ဘာသံဃာ့လှုပ်ရှားမှု ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း ကရင်ပြည်နယ်အတွင်း တပ်အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။ 

အမှတ် (၈)၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၈)၊ စကခ (၁၂)နှင့် တပ်မ (၂၂) လက်အောက်ခံတပ်ရင်းတပ်ဖွဲ့များက ကော့ကရိတ်၊ ကျုံဒိုး၊ မြ၀တီမြို့နယ်များအတွင်းသို့ အောက်တိုဘာလတတိယပတ်မှစတင်ကာ ထိုးစစ်ဆင်လျှက်ရှိရာ စစ်အစိုးရတပ်ဖွဲ့နှင့်အတူ တိုးတက်သော ကရင်ဗုဒ္ဓဘာသာအစည်းအရုံး(DKBA) တပ်ဖွဲ့များလည်း ပါဝင်ခဲ့သည်။ 

“တပ်ရင်း ၂၂ ရင်းနဲ့ (DKBA) ၃၃၃ ၊ ၉၀၇၊ ၉၀၆ တို့ ပူးပေါင်းလှုပ်ရှားလာတယ်၊ (KNLA) တပ်ရင်း ၁၇၊ ၁၈၊ ၁၆ နဲ့ တပ်မဟာဌာနချုပ်နယ်မြေကို ရှင်းလင်းဖို့ လုပ်လာတယ်၊ ဒီလ (၂) ရက်နေ့ကနေ (၆) ရက်နေ့ထိ တိုက်ပွဲကြီးငယ် ၆ ကြိမ်လောက်ထိ ဖြစ်တယ်”ဟု (KNU) သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးစောလှငွေက ဆိုသည်။ 

ယခုလ (၅) ရက်နေ့၊ နံက် (၉) နာရီ (၂၀) မိနစ်တွင် ဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်အစိုးရတပ်မှ တပ်ခွဲမှူးတဦးအပါအ၀င် ၁၀ ဦးသေဆုံးကာ ဒုရင်းမှူးအပါအ၀င် ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး ထိုနေ့ နံနက် (၆) နာရီတွင်လည်း ခမရ (၄၀၁) စစ်ကြောင်း (၁) နှင့်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆက်လက်ပြောဆိုသည်။ 

ဒီဇင်ဘာလအတွင်းတွင် စစ်အစိုးရတပ်များက ကော့ကရိတ်မြို့နယ်ရှိ စောပလာ၊ ခူတုံ၊ ဆန်ဖလား စသည့်ကျေးရွာများနေ ပြည်သူများအား (KNU)တပ်ဖွဲ့များနှင့်ပတ်သက်သည်ဟု ဆိုကာ အကြမ်းဖက် ရိုက်နှက်မှုများကို ပြုလုပ်ခဲ့သည်။ 

နိုင်ငံတကာမှနေ၍ စစ်အစိုးရအား အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေး ရေး ပြုလုပ်ရန်နှင့် တိုင်းရင်းသားနယ်မြေများသို့ စစ်ဆင်နေမှုများ၊ ကျေးရွာသားများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ရန် ဖိအားပေးနေသော်လည်း စစ်အစိုးရက နိုင်ငံရေးလှုပ်ရှားသူများ ကို ဖမ်းဆီးနေဆဲဖြစ်ပြီး ယခုကဲ့သို့ ကရင်ပြည်နယ်အတွင်း ထိုးစစ်ဆင်မှုများ ပြုလုပ်နေဆဲ ဖြစ်သည်။ 

“နအဖအနေနဲ့က နိုင်ငံတကာဖိအားတွေအပေါ် ခေါင်းညိတ်သယောင်လုပ်ပေမဲ့ တကယ့် လက်တွေ့မှာတော့ သူနဲ့ဆန့်ကျင်ဖက် ဒီမိုကရေစီအင်အားစုတွေ၊ လက်နက်ကိုင်အင်အားစုတွေ အပေါ်မှာကော တိုးပြီးတော့ ချေမှူန်းရေးတွေ လုပ်လာတယ်၊ ဒါကြောင့် ကျနော်တို့အနေနဲ့ ခုခံစစ်ကို မလွဲမသွေ ဆင်နွဲနေရတယ်”ဟု ဗိုလ်မှူးစောလှငွေက ပြောဆိုသည်။ 

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org