Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

လူကိုကူးစက်သည့် ကြက်ငှက်တုပ်ကွေးသတိပေးချက် ထုတ်ပြန်

ဗထူး။ ဒီဇင်ဘာ  ၁၈၊ ၂၀၀၇ 

မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ကြက်ငှက်တုတ်ကွေး လူကိုကူးစက်ခံရပြီးနောက် သတိပေး နှိုးဆော်ချက်ကို စစ်အစိုးရထုတ် သတင်းစာတွင် ယနေ့ဖော်ပြခဲ့သည်။  

မကြာသေးမီရက်ပိုင်းအတွင်းက ရှမ်းပြည်တောင်ပိုင်းတွင် ကြက်ငှက်တုတ်ကွေးကူးစက်ခံရ သည့် လူနာအား ကုသခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ သတိပေးထုတ်ပြန်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ 

အချက် (၁၁) ချက်ပါ သတိပေးတားမြစ်မှုကို ကျန်းမာရေးဝန်ကြီးဌာနက လူသို့ ကြက်ငှက် တုတ်ကွေးရောဂါမကူးစက်အောင် ကာကွယ်ရေးနှိုးဆော်ချက်အမှတ် (၁) အဖြစ် ထုတ်ပြန် သတိပေးခဲ့သည်။ 

ယခင်က မြန်မာနိုင်ငံအတွင်း ပြည်နယ်နှင့် တိုင်းအချို့တွင် ကြက်ငှက်တုတ်ကွေးရောဂါ ဖြစ်ပွား ခဲ့သော်လည်း လူကို ကူးစက်ခဲ့မှုကို ရှမ်းပြည်နယ်အတွင်း ပထမဆုံးအကြိမ်တွေ့ရှိခဲ့ရာ ဆေးဝါး ကုသမှုကြောင့် အသက်သေဆုံးမှုမဖြစ်ခဲ့ပေ။ 

ရှမ်းပြည်တောင်ပိုင်း၊ ကျိုင်းတုံမြို့နယ်မှ အသက် ၇ နှစ်အရွယ် အမျိုးသမီးငယ်တဦးအား စမ်းသပ်တွေ့ရှိရာမှ တမီဖလူးဆေးဝါး ၅ ရက်ကြာ တိုက်ကြွေးခဲ့ရပြီး ရောဂါပျောက်ကင်းခဲ့ သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က အတည်ပြုပြောကြားခဲ့သည်။ 

ယနေ့သတိပေးတားမြစ်ချက်တွင် ကမ္ဘာ့နိုင်ငံပေါင်း ၅၀ ကျော်တွင် ကြက်ငှက်တုတ်ကွေးရောဂါ ဖြစ်ပွားလျှက်ရှိကာ နိုင်ငံပေါင်း ၁၂ နိုင်ငံတွင် လူသို့ကူးစက်ခဲ့ပြီး ကူးစက်ခံရသူ ၆၀ ရာခိုင်နှုန်း သေဆုံးသည်ဟု ဖော်ပြထားသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org