Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ဦးဂမ္ဘီရ မိသားစုနှင့်တွေ့ခွင့်ရ

ဗထူး။ ဒီဇင်ဘာ ၆၊ ၂၀၀၇ 

သံဃာတပ်ပေါင်းစုခေါင်းဆောင် အရှင်ဂမ္ဘီရအား စစ်အစိုးရက ဖမ်းဆီးခဲ့ပြီးနောက် ပထမဆုံး အကြိမ် မိသားစုနှင့် တွေ့ခွင့်ရခဲ့သည်။ 

စက်တင်ဘာလတွင်းဖြစ်ပေါ်ခဲ့သည့် သံဃာလှုပ်ရှားမှုအတွင်း ထင်ရှားသည့် သံဃာတော်များ အား စစ်အစိုးရက ဖမ်းဆီးခဲ့ရာ ကာလအတန်ကြာ ရှောင်တိမ်းနေရာမှ အရှင်ဂမ္ဘီရ ဖမ်းဆီးရခဲ့ပြီး နောက် အင်းစိန်ထောင်တွင် ချုပ်နှောင်ထားခြင်းဖြစ်သည်။ 

“မနေ့က သွားတွေ့တယ်၊ အဆောင်(၂)၊ အခန်း (၂၃) မှာထားတာ၊ တယောက်ထဲပဲ အခန်းက လည်း ကျယ်တယ်၊ ကျန်းမာရေးကောင်းပါတယ်၊ သူက ရယ်ပြီးပြောလိုက်တယ်၊ အနည်းဆုံး နှစ်ငါးဆယ်လောက်ထင်တယ်တဲ့”ဟု မိသားစုနှင့်နီးစပ်သူတဦးက ဆိုသည်။ 

ဦးဂမ္ဘီရအား စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ပြီး  ယခုအခါ စစ်ဆေးမှုများရပ်တန့်ထားကာ စစ်ဆေးစဉ် ညှဉ်းပမ်းနှိပ်စက်မှုများ မပြုလုပ်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ 

“တဦးတည်း ထားတယ်ဆိုတော့ အဖော်မရှိ၊ စားစရာမရှိရင်လည်း ဝေမျှပေးကမ်းမဲ့သူမရှိ ဖြစ်နေတာပေါ့၊ စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်ထားတဲ့သဘောပါပဲ”ဟု မိသားစုနှင့်နီးစပ်သူတဦးက ဆိုသည်။ 

ဦးဂမ္ဘီရအား စစ်အစိုးရက နိုဝင်ဘာလ (၄) ရက်နေ့တွင် မန္တလေးတိုင်း၊ စဥ့်ကိုင်မြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့ပြီးနောက် ယခုကဲ့သို့ မိသားစုနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခွင့်ပေးခဲ့ခြင်းဖြစ်သည်။ 

စစ်အစိုးရက စက်တင်ဘာလှုပ်ရှားမှုအား အကြမ်းဖက်ဖြိုခွဲခဲ့ပြီးနောက် နိုင်ငံရေးတက်ကြွလှုပ်ရှား သူများနှင့် သံဃာများအား ဖမ်းဆီးလျှက်ရှိရာ အေအိုင်ဒီအက်စ်ဝေဒနာရှင်များအား အခမဲ့ ဆေးကုသပေးခဲ့သည့် မဂ္ဂင်ကျောင်းဆရာတော်ကြီးအား ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက တောင်တွင်းကြီးမြို့နယ်ရှိ မြို့သစ်မြို့နှင့် ၆ မိုင်အကွာနေရာသို့ အစောင့်အကြပ်များနှင့် ပို့ဆောင် ခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org