Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ဧရာဝတီမြစ်ရေကြီး၍ မြင်းခြံမြို့နယ် ရေနစ်မြုပ်

ဗထူး။ သြဂုတ် ၂၊ ၂၀၀၇

ယခုရက်ပိုင်းအတွင်း ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်ကျော်လာသည့်အတွက် မြင်းခြံမြို့ပေါ် နှင့် အချို့ဒေသများတွင် ရေနစ်မြုပ်ခဲ့သဖြင့် ပြည်သူအများ ရေဘေးဒုက္ခနှင့် ကြုံတွေ့နေ ရသည်။ 

မြင်းခြံမြို့ပေါ်ရပ်ကွက်ရှိ လူနေအိမ်နှင့် ဈေးများ ရေနစ်မြုပ်ခဲ့သဖြင့် အဆိုပါမြို့နေ ပြည်သူများ ရေဘေးဒုက္ခနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။ 

ပြည်သူအများစုအနေဖြင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး မြို့နယ်အာဏာပိုင်များ၏ ကူညီစောင့်ရှောင့်မှု လည်း မရရှိသဖြင့် အဆိုပါမြို့ ဈေးအနီးဝန်းကျင်နှင့် ရေလွတ်ရာများတွင် ဖြစ်သလို နေထိုင် နေကြရသည်။ 

ဇူလိုင်လကုန်ပိုင်းမှစတင်ကာ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ပခုက္ကူ၊ မြင်းခြံ၊ ရေစကြို နှင့် ညောင်ဦး စသည့်မြို့နယ်များတွင် ကြက်သွန်နှင့် နှမ်းစိုက်ခင်း အများအပြား ရေနစ်မြုပ် ဆုံးရှုံးခဲ့ပြီး ပြည်သူထောင်နှင့်ချီကာ ရေးဘေးဒုက္ခနှင့် ကြုံတွေ့နေရသည်။ 

“ရေဘေးဒုက္ခဆိုတာ မရှိပါဘူး။ ရေတက်လာတော့ ကုန်းပေါ်ကို နည်းနည်းရွှေ့ရတဲ့ သဘော ပေါ့နော်၊ အစားအသောက်လည်း မခက်ခဲပါဘူး။ ကျန်းမာရေးက လည်း မဖြစ်လောက်ဘူး ထင်ပါ တယ်။ အစားအစာတို့ ဘာတို့ သွားပို့တာတော့မရှိပါဘူး။ ရေလွတ်ရာကို ရွှေ့ရတဲ့ သဘောပါ”ဟု မြို့နယ်(မယက)ရုံးမှ ၀န်ထမ်းတဦးက ဆိုသည်။  

မြင်းခြံမြိ့တွင် ဇူလိုင်လ (၂၈) ရက်နေ့မှစတင်ကာ ရေကြီးခဲ့သဖြင့် မြို့ပေါ်ရှိ ရပ်ကွက် ၁၊ ၂၊ ၆၊ ၁၁၊ ၁၂ နှင့် ၁၄ ရပ်ကွက်တို့တွင် ရေကြီးမှုကြောင့် ရေဘေးဒုက္ခသည် တထောင်ကျော်မှာ ကုန်းပေါ်သို့ ရွှေ့ပြောင်းနေထိုင်နေကြရသည်။ 

အိမ်ခြေနှစ်ရာလောက် မြုပ်ကုန်တာ။ ရေလွတ်ရာကို ပြောင်းနေရတာပေါ့။ ကုန်းပေါ် တဲထိုးတဲ့ လူက ထိုးနဲ့ ၊ ဘုရားကျောင်းတွေမှာ နေကြတာလည်းရှိတယ်။ သူ့တို့ခမျာ စားဝတ်နေရေးက အစ ကူညီမဲ့သူကို မရှိဘူး”ဟု မြင်းခြံမြို့ခံတဦးက ဆိုသည်။ 

မြန်မာနိုင်ငံအတွင်း ယခုနှစ် မိုးရာသီကာလတွင် ရေကြီးမှုများကို အနယ်နယ်အရပ်ရပ်တွင် ကြုံတွေ့နေရစဉ် မြန်မာ့ရုပ်မြင်သံကြားမှ မြစ်ရေကြီးခြင်းသတိပေးချက်များကို ထုတ်လွှင့်ခဲ့ သော်လည်း စစ်အစိုးရထုတ်သတင်းစာများမှာမူ ရေဘေးကြုံတွေ့နေရသည့် သတင်းများကို ဖော်ပြထားခြင်းမရှိပေ။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org