|
ဗီယက်နမ်ဝန်ကြီးချုပ် မြန်မာသို့
အလည်အပတ်သွားရောက်မည်
ဉာဏ်မောင်။
သြဂုတ် ၁၃၊ ၂၀၀၇

ဗီယက်နမ်ဝန်ကြီးချုပ် ငုရင်တန်ဒေါ(န်း)နှင့်ဇနီး ပါဝင်သော
အဆင့်မြင့်အစိုးရကိုယ်စားလှယ်အဖွဲ့သည် စင်္ကာပူ၊ မြန်မာ၊ ဘရူနိုင်း
နိုင်ငံများသို့ တရားဝင် လည်ပတ်ရန် ယနေ့ ဟနွိုင်မှ ထွက်ခွာလာသည်။
(၁၂)ကြိမ်မြောက် အမျိုးသားညီလာခံမှ ဗီယက်နမ် ဝန်ကြီးချုပ်အဖြစ်
ပြန်လည်အရွေးချယ်ခံခဲ့ရပြီးနောက် ဝန်ကြီးချုပ်၏ ပထမဆုံးခရီးစဉ်အဖြစ်
အာစီယံအဖွဲ့ဝင် နိုင်ငံများသို့ သွားရောက်လည်ပတ်သည့် ခရီးစဉ် အဖြစ်
မြန်မာနိုင်ငံသို့လည်း လည်ပတ်မည့် အစီအစဉ်ဖြစ်သည်။
ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အာစီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့်
စင်္ကာပူ၊ မြန်မာနှင့် ဘရူနိုင်းနိုင်ငံများသို့
သွားရောက်မည့်ခရီးစဉ်အတွင်း ဒုတိယ၀န်ကြီးချုပ်နှင့်
နိုင်ငံခြားရေးဝန်ကြီး ဖန်ဂီရခင်း၊ သဘာဝအရင်းအမြစ်နှင့်
ပတ်ဝန်ကျင်ထိမ်းသိမ်းရေးဝန်ကြီး ဖန်ခွိုင်ငုရင်နှင့်အတူ ယဉ်ကျေးမှု၊
အားကစားနှင့် ခရီးသွားလာရေးဝန်ကြီးများနှင့်
စက်မှုလက်မှုလုပ်ငန်းဥက္ကဋ္ဌတို့ လည်း ပါဝင်မည်ဖြစ်သည်။
အလားတူ
မြန်မာစစ်အစိုးရ ယာယီဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး သိန်းစိန်သည်
ယခုလ (၂၇) ရက်မှ (၂၉) ရက်နေ့အထိ (၃)ရက်အကြာ သီရိလင်္ကာနိုင်ငံသို့
အလည်အပတ်သွားရောက်မည် ဖြစ်ပြီး သီရိလင်္ကာသမ္မတ မဟင်ဒါ ရာဂျာပက်နှင့်
ဝန်ကြီးချုပ် ရက်နာသီရိ ၀စ်ကရင်မာနာရိတ် တို့နှင့်လည်း တွေ့ဆုံမည်ဟု
သတင်းများကဆိုသည်။
|