Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

စစ်အစိုးရသို့ ချေးငွေပေးခဲ့သဖြင့် ထိုင်းဝန်ကြီးချုပ်ဟောင်းအား တရားစွဲဆို

ဉာဏ်မောင်။ သြဂုတ် ၂၊ ၂၀၀၇

မိမိပိုင် ဆက်သွယ်ရေးကုမ္ပဏီလုပ်ငန်းများနှင့် စပ်လျဉ်းကာ ထုတ်ကုန်သွင်းကုန်ဘဏ်မှ ငွေကို အတိုးမဲ့ ချေးငှားခဲ့ခြင်းကြောင့် ၀န်ကြီးချုပ်ဟောင်း မစ္စတာ တပ်ဆင်ကို တရားစွဲဆိုလိုက်သည်။ 

၎င်းအာဏာရစဉ် အဏာကိုအလွဲသုံးစားပြုလုပ်ကာ ထိုင်းနိုင်ငံ ထုတ်ကုန်သွင်းကုန်ဘဏ်မှ ဘတ်ငွေ သန်း (၄,၀၀၀) ကို စစ်အစိုးရအား အတိုးမဲ့ ချေးခဲ့ခြင်းကြောင့် ဥပဒေအရ ယခုလို တရားစွဲဆိုလိုက်ခြင်းဖြစ်သည်။ 

ASC ပြောရေးဆိုခွင့်ရှိသူ ဆပ်ခ်ကော်ဆာဂရောက  “မစ္စတာတပ်ဆင်ဟာ သူ့မိသားစုစီးပွားရေး အကျိုးစီးပွားရရှိဖို့ ဒီပေါ်လစီကို မှားယွင်းစွာ အကောင်အထည်ဖေါ် ပြုလုပ်တဲ့အတွက် သူ့ကို တရားစွဲဆိုခြင်းဖြစ်ပါတယ်။ ဒါဟာ အာဏာအလွှဲသုံးစားလုပ်ခြင်းဖြစ်ပါတယ်”ဟု ဆိုသည်။ 

ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ဆူရာခိရပ် ဆပ်သီရပ်ထိုင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ထိပ်တန်းအရာရှိများသည် ထုတ်ကုန်သွင်းကုန်ဘဏ်မှ မြန်မာအစိုးရကို ဘတ်သန်းပေါင်း(၃,၀၀၀)မှ (၄,၀၀၀)ထိ အတိုးမဲ့ ချေးငှားခဲ့သည့်အတွက် မစ္စတာသက်ဆင်ကို ဆွဲချက်တင်ရန် ခိုင်မာတဲ့ သက်သေအထောက်အထားရှိနေပြီဟု ဤအမှု၏ အချက်အလက်ရှာဖွေရေးအဖွဲ့ဥက္ကဋ္ဌ ASC အဖွဲ့ဝင် ဗာ့ရော့ဂ်ျ လောဟာဖန် ကပြောသည်။ 

ယခင် မြန်မာစစ်အစိုးရ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွှန့်လက်ထက်တွင် ၄င်း၏သား ရဲနိုင်ဝင်း ဦးစီးလုပ်ကိုင်သည့် ဆိုက်ဘာတက်(ခ်) ဆက်သွယ်ရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင် ရေးတွင် မစ္စတာတပ်ဆင်မိသားစုပိုင် ရှင်း ဂြိုလ်တုဆက်သွယ်ရေးကုမ္ပဏီမှ ဆက်သွယ်ရေး လုပ်ငန်းသုံးပစ္စည်းများ တင်သွင်းခွင့်ရရေးအတွက် ထိုင်းသွင်းကုန်ထုတ်ကုန်ဘဏ်မှ ငွေများအား အတိုးမဲ့ ချေးငှားခဲ့ခြင်းဖြစ်သည်။ 

အဆိုပါကုမ္ပဏီမှ ဆက်သွယ်ရေးသုံးပစ္စည်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများအပါအဝင် အလင်းဖန်မျှင်ဓါတ်အားလိုင်း လုပ်ငန်းပစ္စည်းများကို တင်သွင်းရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ 

ASC အကြီးအကဲ မစ္စတာဗာ့ရော့ဂ်ျက “နှစ်ဖက်စလုံးက ဝန်ကြီးဟောင်းနဲ့ အရာရှိကြီးများရဲ့ မေးခွန်းတွေ စုဆောင်းပြီး နှစ်ဖက်စလုံးမှ လက်ရေးနဲ့ နှုတ်ထွက်ဆိုချက် အထောက်အထား တွေကို စုဆောင်းကြပါတယ်။ ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမပါဝင်ဘဲ ထိုင်း၊ မြန်မာ၊ လာအိုနဲ့ ကမ္ဗောဒီးယားအစိုးရတို့ လက်မှတ်ရေးထိုးထားတဲ့  ဒေသဆိုင်ရာ စီးပွားရေး နည်းဗျူဟာ ပုဂံကြေညာချက် စာချုပ်ကို ဖေါက်ဖျက်ပြီး  ချေးငွေတိုးမြှင့်တောင်းခံခြင်းကို မစ္စတာ ဆူရာခိရပ်က ဆန့်ကျင်တာလည်း ဖြစ်ပါတယ်”ဟု ပြောသည်။ 

ယခုအမှုတွင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်အား ရာဇဝတ်မှုဥပဒေအရ ပုဒ်မ (၁၅၂)နှင့် ပုဒ်မ(၁၅၇)အရ တရားစွဲဆိုနိုင်ပြီး ထောင်ဒဏ် (၁)နှစ်မှ (၁၀)နှစ်ထိ ပြစ်ဒဏ်ချမှတ်နိုင်ပြီး ဒဏ်ငွေ အဖြစ် ဘတ် ၂ သောင်းထိ ချမှတ်နိုင်သည်။ 

ဝန်ကြီးချုပ်ဟောင်း မစ္စတာတပ်ဆင်ကလည်း ထိုအမှုနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်မချမီ ပြည်သူ့ အကျိုးဆောင်ရှေ့နေနှင့် တိုင်ပင်ခဲ့ကြောင်း ချေပချက်ဖြင့် အမှုအား အဆင့်လွှဲပြောင်းနိုင်ရန် ASC အဖွဲ့မှ စုံစမ်းရေးအဖွဲ့သို့ ချိန်းဆိုသွားရန် တင်ပြထားသည်ဟု ဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org