|
အင်္ဂါနေ့တိုင်းဝတ်ပြုဆုတောင်းသူများက
တောင်ကိုရီးယားဓားစာခံများ လွတ်မြောက်ရေးအတွက်ပါ ဆုတောင်း
ဉာဏ်မောင်။
သြဂုတ် ၁၊ ၂၀၀၇
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက်
အင်္ဂါနေ့တိုင်း ၀တ်ပြုဆုတောင်းသူများက အာဖဂန်နစ္စတန်နိုင်ငံတွင်
တာလီဘန်များ ဖမ်းဆီးထားသည့် တောင်ကိုရီးယားဓားစာခံများ
လွတ်မြောက်ရေးအတွက်ပါ ယနေ့ ၀တ်ပြုဆုတောင်းခဲ့ကြသည်။
အင်္ဂါနေ့တိုင်းဝတ်ပြုဆုတောင်းနေသည့် (NLD)ပါတီဝင်များက ယခုလ (၁၉)
ရက်နေ့က တာလီဘန်များ ထိန်းသိမ်းခံထားရသည့် တောင်ကိုရီးယားမှ
ကျန်ရှိနေသည့် ဓါးစားခံ (၂၁)ဦး လွတ်မြောက်ရေးအတွက်ပါ
ဆုတောင်းခဲ့ကြခြင်းဖြစ်သည်။
ခရီသည်တင်ဘတ်(စ်)ကားပေါ်မှ တောင်ကိုရီးယားဓားစာခံ (၂၃)ဦးကို
တာလီဘန်များက ဖမ်းဆီးခဲ့ပြီးနောက် ယမန်နေ့က ဓါးစာခံနှစ်ဦးမြောက်ကို
သတ်ဖြတ်ခဲ့ပြီးနောက် မြန်မာ ဒီမိုကရေစီရေးလှုပ်ရှားနေသူ (၂၀) က ၄င်းတို့
လွတ်မြောက်ရေးအတွက်ပါ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
“ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက်ဆုတောင်းကြသလို တောင်ကိုးရီးယား
ဓားစာခံများ အမြန်ဆုံး လွတ်မြောက်ရေးအတွက်ပါ ကျွန်မတို့
ဆုတောင်းခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အပတ်စဉ်
ဆုတောင်းလာတာ ယခု (၁၆၁)ပတ် ရှိပြီ”ဟု နော်အုန်းလှမှ ပြောသည်။
နှစ်ပေါင်း
(၁၉)နှစ်ခန့် သံတမန်အဆက်အသွယ်ဖြတ်တောက်ထားရာမှ ယခုနှစ် ဧပြီလအတွင်း
မြောက်ကိုရီးယား ဒုနိုင်ငံခြားရေးဝန်ကြီး မစ္စတာကင်ယုံအီး
မြန်မာနိုင်ငံသို့ လာရောက်လည်ပတ် ခဲ့ပြီးနောက် ယနေ့တွင် စစ်အစိုးရက
တရုတ်ပြည်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးသိန်းလွင်အား
မြောက်ကိုရီးယားသံအမတ်အဖြစ် ခန့်အပ်လိုက်သည်။
ပြုံယမ်းရှိ
ကွန်မြူနစ်ပါတီထုတ်ပြန်ကြေညာချက်အရ နှစ်နိုင်ငံကြား သံအမတ်ကြီးအဆင့်
သံတမန်အဆက်အသွယ် ပြန်လည်တည်ဆောက်ရန် သဘောတူညီခဲ့ခြင်းသည်
နှစ်နိုင်ငံစလုံး အတွက် အမျိုးသားအကျိုးစီးပွားကို
ပြန်လည်တည်ဆောက်နိုင်မည့်အပြင် နိုင်ငံတကာ ငြိမ်းချမ်းရေးအတွက်လည်း
ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ဖေါ်ပြထား သည်။ |