Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ကရင်ရိုးရာ လက်ချည်ပွဲ မဲဆောက်တွင်ကျင်းပ

ရိုးမ ၃။ သြဂုတ် ၂၈၊ ၂၀၀၇

ပိုး(ကရင်)ရိုးရာလက်ချည်ပွဲကို ယနေ့နံနက်က ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ တောရ ဘုန်းကြီးကျောင်းတွင် ကျင်းပခဲ့သည်။  

နှစ်စဉ် ၀ါခေါင်လပြည့်နေ့တွင် ကရင်အမျိုးသားများက အဝေးတွင်ရောက်ရှိနေသည့် မိသားစု များ၊ မိတ်ဆွေများ ပြန်လည်တွေ့ဆုံကြသည့် အထိမ်းအမှတ်အဖြစ် အဆိုပါပွဲကို ကျင်းပခဲ့ခြင်း ဖြစ်သည်။

ယနေ့နံနက်က ပြုလုပ်ခဲ့သည် ရိုးရာလက်ချည်ပွဲသို့ ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိနေသည့် ကရင်အမျိုးသား၊ အမျိုးသမီးများနှင့် ဧည့်ပရိတ်သတ် (၄၀၀၀)ခန့် တက်ရောက်ခဲ့ကြသည်။ 

ယနေ့ကျင်းပသည့် အခမ်းအနားကို နံနက် (၈) နာရီ (၁၅) မိနစ်တွင် စတင်ခဲ့ပြီး အခမ်းအနား မှူးအဖြစ် ဆရာမ နန်းဖော့ကြည်နှင့် ဆရာမ ဟောခိုဖောတို့က ဆောင်ရွက်ကာ ကရင်အမျိုးသား သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ 

သဘာပတိအဖွဲ့ဝင်တဦးဖြစ်သည့် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ  (NCGUB)မှ ဖယ်ဒရယ်ရေးရာဝန်ကြီး ဦးခွန်မားကိုရ်ဘန်းကလည်း အဆိုပါအခမ်းအနားတွင် ဂုဏ်ပြုစကား ပြောကြားခဲ့သည်။ 

ယနေ့လာရောက်သူ ဧည့်ပရိတ်သတ်များအား မုန့်ဟင်းခါးဖြင့် တည်ခင်းဧည့်ခံပြီး တက်ရောက် လာသူ ပရိတ်သတ်များကို ပိုး(ကရင်) အမျိုးသား၊ အမျိုးသမီးအဆိုတော်များက ခေတ်ပေါ်ဂီတ၊ ရိုးရာဂီတများဖြင့် ဖြေဖျော်ခဲ့ကြသည်။  

အလားတူ လက်ချည်ပွဲအခမ်းအနားတခုကိုလည်း ထိုင်-းမြန်မာနယ်စပ် ချစ်ကြည်ရေးတံတား အနီးရှိ မယ်တော်ဘုန်းကြီးကျောင်းတွင် ကျင်းပခဲ့ရာ ဧည့်ပရိတ်သတ် (၂၀၀၀)ခန့် ပါဝင်ဆင်နွှဲ ခဲ့ကြသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org