Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ရထားလမ်းဘေးရှင်းလင်းရန် အဓမ္မခိုင်းစေ

ရိုးမ ၃။ သြဂုတ် ၂၁၊ ၂၀၀၇

စစ်အစိုးရအာဏာပိုင်များက စစ်ကိုင်းတိုင်းအတွင်း မီးရထားလမ်း လမ်းဘေးဝဲယာ ရှင်းလင်းရန် အတွက် အဓမ္မလုပ်အားပေး ခိုင်းစေနေပြီး ဒေသခံရွာသားများက ဒဏ်ငွေများ ပေးဆောင်နေ ရသည်။ 

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နတ်မဟုတ်ကလေးကျေးရွာ ပြည်သူများကို မန္တလေး-မြစ်ကြီးနား ရထားလမ်းဘေးရှိ ချုံနွယ်သစ်ပင်များကို ယနေ့နံနက်ပိုင်းတွင် အိမ်ထောင်စုအလိုက် ဆင့်ခေါ်ကာ အဓမ္မခိုင်းစေနေခြင်းဖြစ်သည်။

“အိမ်ထောင်စု (၁) စုကို ရထားသံလမ်းဘေးက ကြေးနန်းတိုင်နှစ်တိုင်စာ ခြုံတွေ သစ်ပင်တွေ ရှင်းပေးရတယ်။ အဲဒီလိုမလုပ်နိုင်တဲ့သူဆိုရင် မနက်ပိုင်းတပိုင်းဆို ကျပ်ငွေ (၅၀၀) ပေါ့၊ တနေကုန်မလုပ်ဘူးဆိုရင် ငွေ (၁,၀၀၀) ဒဏ်ရိုက်တယ်” ဟု ဒေသခံရွာသားက ပြောသည်။

အိမ်ခြေ (၁၅၀)ခန့်ရှိသည့် နတ်မဟုတ်ကလေးကျေးရွာသား အများစုသည် လက်လုပ်လက်စား၊ လယ်သမား အများစုဖြစ်ကြသည့်အတွက် ကျေးရွာအာဏာပိုင်များမှ လုပ်အားပေးခိုင်းစေခြင်း၊ မိမိစရိတ်နှင့်မိမိ ကြက်ဆူပင်စိုက်ခိုင်းခြင်းများကြောင့် ကျေးရွာသားများ အလုပ်အကိုင်ပျက်ရပြီး စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။

စစ်အစိုးရအား နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ်(ILO) မှ နိုင်ငံတွင်း အဓမ္မလုပ်အားပေး ခိုင်းစေ ခြင်းများကို ရပ်တန့်ရန် သတိပေးတားမြစ် တောင်းဆိုနေသော်လည်း နိုင်ငံအနှံ့တွင် ကြက်ဆူပင် အဓမ္မ စိုက်ပျိုးခိုင်းစေခြင်းအပါဝင် နည်းအမျိုးမျိုးဖြင့် ဒေသအာဏာပိုင်များ၏ ခိုင်းစေမှုနှင့် ဒဏ်ငွေပေးဆောင်မှုများကို ပြည်သူအများစုမှာ ကြုံတွေ့နေရဆဲဖြစ်သည်။

“အခုက ကုန်ဈေးနူန်းနဲ့ အထွေထွေစရိတ်တွေ တက်တဲ့အခါကျဗျာ ရွာသားတွေအနေနဲ့ မှိုတို့၊ ဟင်းသီးဟင်းရွက်တို့ ရှာပြီး အင်းတော်မနက်ဈေးမှာ ရောင်းရတယ်။ အဲ့ဒီကရတဲ့ ငွေကလေးနဲ့ လိုအပ်တဲ့ ဆီတို့၊ ဆားတို့၊ ငရုတ်တို့၊ ဟင်းချိုမှုန့်တို့ ၀ယ်စားရတဲ့အခြေအနေဗျာ၊ ဒီလို လုပ်အား ပေး ခိုင်းတော့ အတော့်ကို ကျနော်တို့ရွာသားတွေ ဒုက္ခဖြစ်ကြတယ်” ဟု ဒေသခံရွာသားက ဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org