Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ထိုင်းနိုင်ငံသို့ ကုလအထူးကိုယ်စားလှယ်ရောက်ရှိ
မြန်မာ့အရေးဆွေးနွေးခဲ့

ဉာဏ်မောင်။ သြဂုတ် ၉၊ ၂၀၀၇

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ ဂန်ဘာရီ၏ အရှေ့တောင်အာရှနိုင်ငံ ခရီးစဉ်အဖြစ် မနေ့က ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့သည်။

အကြပ်အတည်းဖြစ်နေသည့် မြန်မာ့နိုင်ငံရေးအခြေအနေကို ကုလသမဂ္ဂမှ ကြားဝင်ဖြေရှင်းရန် ကုလအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက မစ္စတာ ဂန်ဘာရီကို ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

မစ္စတာ ဂန်ဘာရီသည် ထိုင်းနိုင်ငံသို့ရောက်ရှိစဉ် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ နစ်တယာ ပီဘူလ် စောင်ဂရမ်နှင့် တွေ့ဆုံကာ  မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်လုပ်ငန်းများ အပါအဝင် မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးကိစ္စများ အမြင်ချင်း ဖလှယ် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အီဗရာဟင် ဂမ်ဘာရီက “စစ်အစိုးရအနေဖြင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလ တိုးတက်မှုရှိအောင် လုပ်လိမ့်မည်ဟု မျှော်လင့်ရကြောင်း” ဗုဒ္ဓဟူးနေ့က သတင်းထောက်များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

တရုတ်နှင့် ရုရှား နှစ်နိုင်ငံကလည်း မစ္စဂန်ဘာရီကို မြန်မာ့အရေးဆောင်ရွက်ဖို့ ခန့်အပ်ခဲ့တာနဲ့ ပတ်သက်ပြီး သဘောတူညီကြောင်းပြောဆိုကာ စစ်အစိုးအနေဖြင့် ကုလသမဂ္ဂနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ကိစ္စကိုလည်း ယင်းနိုင်ငံအနေဖြင့် စစ်အစိုးရကို ပြောဆိုသွားမည်ဟုဆိုသည်။

လက်ရှိ စစ်အစိုးရကျင်းပနေသည့် အမျိုးသားညီလာခံနှင့်ပတ်သက်ပြီး နိုင်ငံတကာ အသိုင်း အဝိုင်းအနေဖြင့် နိုင်ငံရေးအင်အားစုများ ပိုမိုပါဝင်လာမှာကို လိုလားပြီး ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်လာသည်အထိ စစ်အစိုးရအနေဖြင့် ဦးတည် သွားဖို့ မျှော်လင့်ကြောင်း မစ္စတာ ဂန်ဘာရီက ဆိုသည်။

ယခုလဆန်းပိုင်းကလည်း ၁၉၉၀ မေလရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုစားလှယ် (၉၁)ဦး လက်မှတ်ရေးထိုးကာ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ရန်နှင့် ဒီမိုကရေစီအသွင်ကူး ပြောင်းရေးအတွက် ကုလသမဂ္ဂသို့ အကြံပြုစာတမ်း ပေးပို့ခဲ့ပြီး စစ်အစိုးရအနေဖြင့် ယခု ကျင်းပနေသည့် ဖွဲ့စည်းပုံဆိုင်ရာလုပ်ငန်းအား တဖက်သတ်လုပ်ဆောင်သွားမည်ဆိုပါက ယင်းတို့အနေဖြင့်  ပေါ်ထွက်လာမည့် ဖွဲ့စည်းပုံအား ပြည်သူတရပ်လုံးက ကန့်ကွက်ရန် စည်းရုံး လုပ်ဆောင်သွားမည်ဟု ဖော်ပြခဲ့သည်။  

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org