Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

အဓမ္မစစ်သားစုဆောင်းမှု ပဲခူးတိုင်းအတွင်းပြုလုပ်နေ

ဗထူး။ သြဂုတ် ၂၁၊ ၂၀၀၇ 

 


ပုံကြီးကြည့်လိုလျှင်


ပုံကြီးကြည့်လိုလျှင်

တပ်သားသစ်စုဆောင်းရေး လက်ကမ်းကြော်ငြာ

 

စစ်အစိုးရလက်အောက်ခံ တပ်မများက ရပ်ကွက်အလို က်စစ်သားစုဆောင်းမှုကိစ္စများကို ယခု အပတ်အတွင်း ပဲခူးတိုင်းအတွင်း ပြုလုပ်လျှက်ရှိသည်။ 

နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့် စစ်အင်အားတိုးချဲ့ရန် စစ်သားစုဆောင်းမှုများကို စစ်အစိုးရ ပဲခူးတိုင်းအတွင်း သက်ဆိုင်ရာ မြို့နယ်(မယက)များကို ညွှန်ကြားကာ စုဆောင်းနေခြင်း ဖြစ်သည်။ 

ပဲခူးတိုင်းအနောက်ခြမ်းရှိ တပ်မ(၆၆)မှ ညွှန်ကြားကာ နတ္တလင်း၊ ဇီးကုန်း၊ ပေါင်းတည်မြို့နယ် များအတွင်း ရပ်ကွက်၊ ကျေးရွာများတွင် ဒေသအလိုက်သတ်မှတ်ထားသည့် လူဦးရေအလိုက် စုဆောင်းပေးနေရခြင်းဖြစ်သည်။ 

“ခမရ (၅) က ကောက်တာက တအုပ်စုကို တယောက်ပေးရမယ်၊ တအိမ်ကို (၅၀၀)ကျပ်နှုန်း ပေးရတယ်။ လိုက်မဲ့သူကို နှစ်သိန်းပေးရတယ်၊ တချို့လည်း ပိုကောက်တဲ့လူတွေ ကောက်နေ တာပဲ။ ဆန်ကုန်သည်ပွဲစားတွေ၊ လယ်တွေအများကြီးရှိတဲ့လူတွေဆို ပိုကောက်တယ်။ ဇီးကုန်းမှာ တရပ်ကွက်ကို (၂)ယောက်ရှင့်” ဟု ဇီးကုန်းမြို့ခံတဦးက ဆိုသည်။ 

ဇီးကုန်းမြို့နယ်အတွင်း ကျေးရွာအုပ်စု (၂၉)အုပ်စုရှိပြီး မြို့ပေါ် (၅) ရပ်ကွက်ရှိပြီး အားလုံးပေါင်း (၃၄) အုပ်စုရှိကာ ရပ်ကျေးများတွင်လည်း သတ်မှတ်ချက်အတိုင်း စုဆောင်းပေးရပြီး မြို့ပေါ် တွင် တရပ်ကွက်လျှင် (၂)ယောက် စုဆောင်းပေးနေရသည်ဟု ၄င်းက ဆက်လက်ပြောဆို သည်။ 

အမှတ် (၄) က (၂) ယောက်ပါသွားတယ်၊ အမှတ် (၅) က တယောက်ပဲရသေးတယ်လို့ ပြောတယ်၊ တယောက်ကို တသိန်းခွဲပေးရတယ်၊ အစားစားပါပဲ။ တချို့ နှစ်သိန်းပေးရတယ်၊ တချို့နှစ်သိန်းခွဲပေးရတယ်၊ ပေါ်တာဆွဲသလိုပါပဲ၊ စီးပွားရေးမပြေလည်တဲ့သူ များတယ်၊ ဟိုတနေ့က ကလေးဆိုရင် ဆိုက္ကားနင်းနေရတာ၊ မအေကြီးက လေငန်းဖြစ်နေတာ၊ အမေကြီး အတွက် ငွေရအောင်ပေါ့လေ” အမှတ် (၄) ရက်ကွက်တွင် နေထိုင်သူတဦးက ဆိုသည်။  

လူအများမှာ ငတ်မွတ်နေပြီး မလုပ်ချင်သော်လည်း စစ်သားအဖြစ်ဝင်လုပ်ကာ မိသားစုဘ၀ကို ဖြေရှင်းပေးနေရပြီး လယ်သမားအများစုရှိသည့် ကျေးရွာများမှ တရွာကိုတယောက် တောင်းရာ တဦးအတွက် ကျေးရွာမှ ကောက်ခံရသည့်ငွေ နှစ်သိန်း၊ သုံးသိန်းထိ ပေးနေရသည်ဟု ၎င်းက ဆိုသည်။ 

ဆင်မြင်းဗိုလ်၊ ညောင်တုန်း၊ အုပ်ခြစ်ကုန်းစသည့်ကျေးရွာများမှ လယ်သမားများသည့် တအိမ် ထောင်လျှင် (၁၀၀၀) ကျပ်ထိ မြို့နယ်နှင့် ကျေးရွာ မယက/ရယကများထံ ပေးသွင်းနေရ သည်ဟု လယ်သမားတဦးကဆိုသည်။ 

ယခုကိစ္စနှင့်ပတ်သက်၍ ဇီးကုန်း(မယက)ရုံးသို့ မေးမြန်းခဲ့ရာ ယင်းကိစ္စကို မသိကြောင်းနှင့် စစ်သားစုဆောင်းသည့်ကိစ္စကို မေးမြန်းလာပါက မဖြေကြားရန်ပြောထားသည်ဟု (မယက) ရုံးဝန်ထမ်းတဦးက ဆိုသည်။ 

စစ်အစိုးရသည် ယခင်လကလည်း အဆိုပါနယ်မြေအတွင်း အဓမ္မစစ်သားစုဆောင်းမှုပြုလုပ်ခဲ့ရာ ဇီးကုန်း အလက(၄) မှ သတ္တမတန်းကျောင်းသား မောင်သန့်ဇင်ဦး၊ (၁၅)နှစ်သည် နေအိမ်မှ ဗွီဒီယိုသွားကြည့်စဉ် စုဆောင်းရေးတပ်မှ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသည်။ 

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org