Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ကြက်ငှက်တုပ်ကွေးကြောင့် မဏိပူရတွင် လူ (၅၀)ကျော်ကို ဆေးကုသနေရ

ဉာဏ်မောင်။ သြဂုတ် ၄၊ ၂၀၀၇

အိန္ဒိယ-မြန်မာနယ်စပ် မဏိပူရပြည်နယ်တွင် ကြက်ငှက်တုပ်ကွေးရောဝါးပိုး(H5N1) ကူးစက်မှု ကြောင့် လူ (၅၁)ဦး သီးခြားဆေးကုသမှုပြုလုပ်နေရကြောင်း ယမန်နေ့က ကျန်းမာရေးဆိုင်ရာ အကြီးတန်းအရာရှိတဦးက ဆိုသည်။ 

မြန်မာနိုင်ငံတွင်း မွန်ပြည်နယ်နှင့် ပဲခူးတိုင်းအတွင်း ထပ်မံဖြစ်ပွားခဲ့သော ကြက်ငှက်တုတ်ကွေး ဗိုင်းရပ်(စ်)ပိုး တွေ့ရှိခဲ့ပြီးနောက် ယခုကဲ့သို့ မဏိပူရပြည်နယ်အတွင်း လူ (၅၁)ဦးကို ဆေးကုသမှု ပြုလုပ်နေရခြင်းဖြစ်သည်။ 

ဇူလိုင်လတလတည်းအတွင်း ကြက်ငှက်တုတ်ကွေးရောဂါ နှစ်ကြိမ်ဖြစ်ပွားမှုကြောင့် မြန်မာနိုင်ငံ နယ်စပ်နှင့်ကပ်လျှက်ပြည်နယ် မဏိပူရတွင် လွန်ခဲ့သည့် အပတ်များက ရောဂါဖြစ်ပွားသော ကြက်ငှက်ကောင်ရေ (၃)သိန်းနီးပါးခန့်ကို ရာနှင့်ချီသော ကျန်းမာရေးအဖွဲ့လုပ်သားများက သုတ်သင်ရှင်းလင်းကြရသည်။ 

ယခုသီးခြားခွဲထုတ်၍ ဆေးကုသခံနေရသူများသည် ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနေသည့် မွေးမြူရေးခြံလုပ်သားများနှင့် ရောဂါပိုးကာကွယ်ကုသရေးလုပ်ငန်းများ လုပ်ဆောင်နေသူများ ဖြစ်ပြီး အဆိုပါ ဗိုင်းရပ်(စ်)ပိုးကာကွယ်ရေးတွင် နာမည်ကြီးသည့် Tamiflu ဆေးဝါးဖြင့် ကုသ လျှက်ရှိသည်။ 

ကျန်းမာရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး ဗင်နိ ချော့ဒ်ဟရီက “ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့  တုတ်ကွေးရောဂါ ပုံသဏ္ဍာန်မျိုးဖြစ်ရင် အကြောင်းကြားပြောဆိုဖို့ မှာထားသော်လည်း မပြောဆိုကြတဲ့အတွက် ရောဂါများပြန့်နှံ့ဖြစ်ပွားမှုပိုမိုများပြား၍ အခြေအနေမကောင်းနိုင်ပါ”ဟု ဆိုသည်။  

တကမ္ဘာလုံးတွင် ၂၀၀၃ ခုနှစ်နောက်ပိုင်းက စတင်ခဲ့သည့်  (H5N1)ရောဂါပိုးကြောင့် ကြက်ငှက် တုတ်ကွေးရောဂါ ဖြစ်ပွားသူ (၃၁၉)ဦးတွင် (၁၉၂)ဦး သေဆုံးခဲ့သည်။  ကျန်းမာရေး အထူးကု ဆရာဝန်များ၊ သုတေသနပညာရှင်များက နောင်တွင် လူသားများသို့ အလွယ်တကူ ကူးစက် ဖြစ်ပွားနိုင်သော ရောဂါပိုးဖွဲ့စည်းပုံအဆင့်သို့ ပြောင်းလဲပြီး ထိန်းမနိုင်သိမ်းမရသော အခြေအနေ ဖြစ်မည်ကို အလွန်စိုးရိမ်လျှက်ရှိသည်။ 

မြန်မာနိုင်ငံ၊ ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်အတွင်း (H5N1)ရောဝါပိုး တွေ့ရှိခဲ့သဖြင့် သံသယ ရှိဖွယ် ကြက်ဘဲကောင်ရေ (၃၈၀၀)ကို သုတ်သင်ရှင်းလင်းခဲ့ရသည်။  

“လက်ပံတန်းမွေးမြူရေးခြံတွေက အနည်းဆုံး ဘဲ (၃)ကောင်နှင့် ကြက် (၄)ကောင်တို့မှာ (H5N1)ကြောင့် ကူးစက်ဖြစ်ပွားတယ်ဆိုတာ အင်္ဂါနေ့က ဓါတ်ခွဲခန်းစမ်းသပ်ချက်အရ သေချာ သွားပါပြီ။ ကြိုတင်ကာကွယ်တဲ့အနေနဲ့  ကြက်ကောင်ရေ (၄၀၀၀)နီးပါးကို သတ်ပစ်လိုက်ပြီး ဗိုင်းရပ်(စ်)ပိုး ပျံ့နှံ့နိုင်တဲ့ အခြားဒေသများကလည်း ကြိုတင်ကာကွယ်မှုများ လုပ်ကိုင်နေကြ ပါတယ်”ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မွေးမြူရေးအရာရှိ ဦးသန်းလှမှ ပြောသည်။ 

ယင်းမတိုင်မီကလည်း မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် မွေးမြူရေးကြက်ခြံ (၂)ခြံမှ (H5N1) ကြက်ငှက်တုပ်ကွေးရောဂါပိုး တွေ့ရှိခဲ့သဖြင့် ကြက်ကောင်ရေ (၃၀၀) ကျော်ကို သုတ်သင် ရှင်းလင်းခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီနှင့် မတ်လအတွင်း ရန်ကုန်တိုင်းအတွင်း ဖြစ်ပွားခဲ့သည့် ကြက်ငှက်တုပ်ကွေးရောဝါးပိုး တွေ့ရှိမှုတွင်လည်း ကြက်ဘဲကောင်ရေ ခြောက်သောင်းခွဲခန့်ကို သုတ်သင်ရှင်းလင်းခဲ့ရသည်။ 

သို့သော် မြန်မာနိုင်ငံတွင်းဖြစ်ပွားခဲ့သည့် ကြက်ငှက်တုပ်ကွေးရောဂါဗိုင်းရပ်(စ်)ပိုးမှ လူသို့ ကူးစက်ပြန့်ပွားပြီး သေဆုံးခဲ့သည့်ဖြစ်စဉ် မရှိသေးပေ။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org