Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

စစ်အစိုးရက ဘင်္ဂလားဒေ့(ရှ်)နိုင်ငံ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် ခန့်အပ်

ဉာဏ်မောင်။ သြဂုတ် ၁၆၊ ၂၀၀၇

စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ယမန်နေ့က ဘင်္ဂလားဒေ့(ရှ်)နိုင်ငံ ဒုတိယ မြို့တော် စစ်တကောင်းတွင် မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်တဦးကို ခန့်အပ် လိုက်သည်။ 

စစ်တကောင်းရှိ အက်ကရာဘက်ဟော်တယ် ညွှန်ကြားရေးမှူးနှင့် CEO ဖြစ်သူ မစ္စတာ အိခ်ျအမ် ဟာကင်အလီကို ဂုဏ်ထူးဆောင် ကောင်စစ်ဝန်အဖြစ် ခန့်အပ်လိုက်ခြင်းဖြစ်သည်။ 

 “အိမ်နီးချင်းနှစ်နိုင်ငံကြား စီးပွားရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရန် အိပ်ခ်ျအမ် ဟာကင် အလီကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ကောင်စစ်ဝန်အဖြစ် တိုက်ရိုက်ခန့်အပ်လိုက်တာဖြစ်တယ်” ဟု လူသိများသော ဘင်္ဂလားဒေ့(ရှ်) စီးပွားရေးသမားတဦးက ဆိုသည်။ 

ကောင်စစ်ဝန်ခန့်အပ်လွှာ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ဘင်္ဂလားဒေ့(ရှ်) စီးပွားရေးသမား အချို့နှင့် မြန်မာသံရုံးတာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ဘင်္ဂလားဒေ့(ရှ်)နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဉာဏ်လင်းမှ အိပ်ခ်ျအမ် ဟာကင်အလီအား ကောင်စစ်ဝန်ခန့်အပ်လွှာကို တရားဝင် လွှဲပြောင်းပေးအပ်ခဲ့သည်။  

အိမ်နီးချင်း ဘင်္ဂလားဒေ့(ရှ်)နှင့် မြန်မာ နှစ်နိုင်ငံကြား စီးပွားရေးနှင့် ကုန်သွယ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန်အတွက် စစ်တကောင်းတွင် ဂုဏ်ထူးဆောင် ကောင်စစ်ဝန်တဦး ခန့်ထားရန် ၂၀၀၇ ခုနှစ်၊ ဇူလိုင်လအတွင်းက မြန်မာနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်သူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အလည်အပတ်လာရောက်ရှိစဉ်က သဘောတူညီထား ခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org