|
အာစီယံဥပဒေသမားများက
မြန်မာစစ်အစိုးရအား ထောက်ပံ့မှုမပြုရန် တိုက်တွန်း
ဉာဏ်မောင်။
သြဂုတ် ၂၁၊ ၂၀၀၇
မြန်မာစစ်အစိုးရသည် ကာလကြာရှည်စွာ တောင်းဆိုနေသော
ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု များကို လျစ်လျူရှုနေသည့်အတွက် တရုတ်၊
အိန္ဒိယနှင့် အာစီယံနိုင်ငံများအနေဖြင့် မြန်မာ စစ်အစိုးရအား
ထောက်ပံ့မှုများမပြုရန် ဒေသတွင်း ဥပဒေပညာရှင်များက တနင်္လာနေ့က
တောင်းဆိုလိုက်သည်။
မလေးရှားနိုင်ငံ၊ ကွာလမ်လာပူမြို့တွင် (၅) ရက်ကြာ ကျင်းပခဲ့သည့်
ဒေသတွင်း ဥပဒေပညာ ရှင် (၃၀၀)ခန့် တက်ရောက်သော အာစီယံဒေသတွင်း
ပါလီမန်အမတ်များပါဝင်သော (AIPMC) ညီလာခံကို ယခုကဲ့သို့
တောင်းဆိုလိုက်ခြင်းဖြစ်သည်။
အာစီယံ၊
တရုတ်နှင့် အိန္ဒိယနိုင်ငံတို့သည် စစ်အစိုးရအား စီးပွားရေး၊
နိုင်ငံရေးအရ ဖိအားပေး ဆောင်ရွက်ရန် မြန်မာနိုင်ငံအပေါ်
သြဇာသက်ရောက်မှုရှိသော သုံးပွင့်ဆိုင်အဖွဲ့ကို ဖွဲ့စည်းသင့် ကြောင်း
ဆိုသည်.
စင်္ကာပူနိုင်ငံပါလီမန်အဖွဲ့ဝင် အမတ် ချားလ်စ်ချောင်(Charles
Chong)
က
“မြန်မာစစ်အစိုးရဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ
လုပ်ဆောင်ပါမယ်လို့ အကြိမ်များစွာ ကတိပေးပြီး အကြိမ်ကြိမ်
ချိုးဖေါက်ခဲ့ပါတယ၊် အာစီယံ ကျွန်တော်တို့အားလုံးနဲ့ တရုတ်၊
အိန္ဒိယတို့ဟာ မြန်မာနိုင်ငံရဲ့ အခြေအနေ ဆက်လက်ပျက်စီးယိုယွင်းနေတာကို
ကြည့်ပြီး စိတ်မချမ်းသာပါဘူး” ဟု ဆိုသည်။
စစ်အစိုးရအနေဖြင့် တိုင်းပြည်အာဏာ ဆက်လက်ချုပ်ကိုင်ထားခြင်းဖြင့်
ထိုင်း၊ မလေးရှားနိုင်ငံ များသို့ ဒုက္ခသည်များ ပြန့်နှံ့ခြင်း၊
တရားမ၀င်ဆေးပြားများ ထုတ်လုပ်ဖြန့်ဖြူးခြင်းတို့ကြောင့် ဒေသဆိုင်ရာ
နိုင်ငံများ၏ အကျိုးစီးပွားကို ထိစေသည့်အတွက် စစ်အစိုးအပေါ်
သြဇာလွှမ်းမိုး နေသည့် တရုတ်နှင့် အာစီယံနိုင်ငံများ၏
အကျိုးစီးပွားကိုလည်း ပျက်စီးစေနေတာကို ထင်ထင်ရှားရှား သိစေချင်သည်ဟု
၎င်းက ဆက်လက်ပြောဆိုသည်။
တရုတ်နိုင်ငံအနေဖြင့် စစ်အစိုးရအား သံတမန်ထောက်ခံနေမှုနှင့်
အလွန်အရေးကြီးသည့် ရေနံ၊ သဘာဝဓါတ်ငွေ့နှင့် ဓါတ်သတ္တုလုပ်ငန်များတွင်
ရင်းနှီးမှုများ ရုတ်သိမ်းပေးဖို့ကိစ္စများကိုလည်း တဖြည်းဖြည်းချင်း
ဆောင်ရွက်သင့်ကြောင်း ဆိုသည်။
အဆိုပါဥပဒေပညာရှင်များက ထုတ်ပြန်ချက်တစောင် ထုတ်ပြန်ရာတွင် “စစ်အစိုးရ၏
ဆရာကြီး ဖြစ်သော ပီကင်းအစိုးအနေဖြင့် မြန်မာစစ်အစိုးရ၏
အထင်သေးမုန်းတီးမှု၊ အပြစ်ရှိနေမှုများကို
အိမ်နီးချင်းနိုင်ငံကြီးတခုအနေဖြင့် တာဝန်ရှိကာ သက်ဆိုင်နေသဖြင့်
ရဲရဲဝံ့ဝံ့ ဆောင်ရွက်သင့် သည်ဟု ဖော်ပြထားသည်။
အာစီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊
မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ နှင့် ထိုင်းနိုင်ငံတို့မှ
ဥပဒေပညာရှင်များက မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး
အတွက် တွန်းအားပေးရန် ၂၀၀၄ ခုနှစ်က (AIPMC)ကို ဖွဲ့စည်းခဲ့ကြသည်။ |