Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

လက်လှမ်းမှီသလောက်သာ ထုတ်ပြန်နိုင်သေးခြင်းဖြစ်ကြောင်း
(AAPP) ပြောဆို

ရိုးမ ၃။ သြဂုတ် ၂၇၊ ၂၀၀၇  

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ) (AAPP) က ယခုလ အတွင်း နိုင်ငံအနှံ့ ဆန္ဒဖော်ထုတ်သူများကို စစ်အစိုးရက ဖမ်းဆီးခဲ့သည့် စာရင်းအား ယနေ့နံနက်က ထုတ်ပြန်လိုက်သည်။ 

လောင်စာဆီနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုကို ဖြေရှင်းပေးရန် ဆန္ဒပြတောင်းဆိုသူများကို စစ်အစိုးရ က အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခဲ့သည့်အတွက် ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ 

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ (NLD)ပါတီဝင်များ၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ(MDC) အဖွဲ့ဝင်များ၊ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများ ကွန်ယက်(HRDP) နှင့် ပြည်သူအချို့အပါအ၀င် စစ်အစိုးရက  ဖမ်းဆီးလိုက်သည့်လူ (၁၀၀)စာရင်းကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။  

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို အင်းစိန်ထောင်သို့ ပို့လိုက်သည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ကျန်သူများကို စစ်အစိုးရက ဖမ်းဆီးထားခြင်းဖြစ်ကြောင်း ပြောဆိုပြီး (AAPP)အတွင်းရေးမှူး ကိုတိတ်နိုင်က “လက်လှမ်းမှီသလောက်ပဲ စုထားတဲ့စာရင်း ဖြစ်တယ်၊ အဲ့ဒါကြောင့် ကျနော်တို့က (၁၀၀) ကျော်လို့ ပြောရတာ၊ ကျနော်တို့မရတဲ့ စာရင်းတွေ လည်း ရှိအုံးမှာပါ။ အနိမ့်ဆုံး (၃ - ၄)ဆယ်လောက်တော့ ရှိနိုင်ပါတယ်” ဟု ဆိုသည်။ 

နိုင်ငံတကာ ကြက်ခြေနီအဖွဲ့(ICRC) ကို အကျဉ်းထောင်အတွင်း ၀င်ရောက်ခွင့်အား စစ်အစိုးရက လုံးဝ ပိတ်ပင်လိုက်ပြီး နိုင်ငံတကာအစိုးရများ၊ လူ့အခွင့်အရေးအဖွဲ့များ ၀င်ရောက်ခွင့်မရှိတော့ သည့် အကျိုးဆက်ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။  

စစ်အစိုးရက လောင်စာဆီနှင့် ကုန်ဈေးနှုန်းကျဆင်းရေးအတွက် အေးချမ်းစွာ ဆန္ဒပြတောင်းဆို သူများကို ကြံ့ဖွံ့နှင့် စွမ်းအားရှင်အဖွဲ့များအား ပြည်သူအဖြစ် အယောင်ဆောင်ကာ အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးကာ ဆူပူလိုသူများဟု စွပ်စွဲ၍ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျှက်ရှိသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org