Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

လုံခြုံရေးကောင်စီတွင် မြန်မာ့အရေးဆွေးနွေးရန် တောင်းဆို

ဉာဏ်မောင်။ သြဂုတ် ၃၀၊ ၂၀၀၇

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး အကြမ်းဖက်နေမှုများအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ကျင်းပရေးအတွက် စည်းရုံးဆောင်ရွက်ရန် အမေရိကန်လွှတ်တော် အမတ်နှစ်ဦးက နိုင်ငံခြားရေးဝန်ကြီးဌာနသို့ တိုက်တွန်းလိုက်သည်။ 

ယခုလအတွင်း ဖြစ်ပေါ်နေသည့် လောင်စာဆီနှင့် ကုန်ဈေးနှုန်းမြင့်တက်လာမှုအပေါ် အကြပ်အတည်း ကြုံတွေ့နေရသည့် ပြည်သူများက ဆန္ဒပြဖော်ထုတ်မှုများကို စစ်အစိုးရက အကြမ်းဖက် နှိမ်နင်းနေခြင်းကြောင့် ယခုကဲ့သို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ တိုက်တွန်းချက် ပေါ်ထွက်လာခြင်းဖြစ်သည်။ 

လူများစု ရီပတ်ပလစ်ကန် အထက်လွှတ်တော်အမတ်များခေါင်းဆောင် R-Ky ပြည်နယ် အထက် လွှတ်တော်အမတ် မစ်ခ်ျမက်ကောနယ်နှင့် အကြမ်းဖက်မှုများဆိုင်ရာ အထက်လွှတ်တော် နိုင်ငံတော်တရားသူကြီးများအဖွဲ့ဥက္ကဋ္ဌ အမျိုးသမီး ဒိုင်ယာနာ ဖိန်းစတိန်း (D-Calif ပြည်နယ် အထက်လွှတ်တော်အမတ်) တို့က “လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေအပေါ်မှာ ကျွန်ပ်တို့ အစိုးရအနေဖြင့် အဓိပ္ပါယ်ရှိသော အင်အားပါသည့် တုန့်ပြန်ချက်တခု ဆောင်ရွက်သင့်သည်”ဟု ဆိုသည်။  

နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်ထံ ပေးပို့သောစာတွင် “ကမ္ဘာတွင် ဒီမိုကရေစီရေး အတွက် ထောက်ခံအားပေးမှုများ အားနည်းနေပါသေးတယ် (လုံလောက်မှုမရှိ)”ဟု ဖေါ်ပြပြီး မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေကို လုံခြုံရေးကောင်စီသို့ အကျဉ်းချုပ်တင်ပြရန် နိုင်ငံခြားရေး ဝန်ကြီး ရိုက်စ်အား တိုက်တွန်းထားသည်။ 

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘင်ကီမွန်းထံမှတဆင့် လုံခြုံရေးကောင်စီသို့ မြန်မာနိုင်ငံတွင်
(၅)နှစ်အတွင်း အကြမ်းမဖက်သော ဆန္ဒပြမှုများအား မြန်မာစစ်အစိုးရ၏ ရက်ရက်စက်စက် တုန့်ပြန်နေမှုများအပေါ် ဖိအားပေး အရေးယူဆောင်ရွက်မှု ပြုလုပ်ရန် တိုက်တွန်းထားသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org