Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

(ဗကသ)ဖွဲ့စည်းခြင်းကို မင်္ဂလာဒုံ စစ်ဖက်ဆေးဘက်တက္ကသိုလ် ကျောင်းသားများက ထောက်ခံ

ရိုးမ ၃။ သြဂုတ် ၃၀၊ ၂၀၀၇

ယခုလ (၂၈) ရက်နေ့က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ များ အဖွဲ့ချုပ်ကို ဖွဲ့စည်းကြောင်း လက်ရှိပညာသင်ကြားနေသော ကျောင်းသားများ၏ ကြေညာချက်ကို တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်(မင်္ဂလာဒုံ) ဗိုလ်လောင်း(ကျောင်းသား များ)က ထောက်ခံကြောင်း ကြေညာချက် ထွက်ပေါ်လာသည်။ 

လက်ရှိ တက္ကသိုလ်အသီးသီးတွင် ပညာသင်ကြားနေသည့် ကျောင်းသားများက ကြုံတွေ့နေရသည့် အကြပ်အတည်းများကို ပြည်သူနှင့်အတူ လက်တွဲဖြေရှင်းရန် အစဉ်အလာကြီးမားသည့် (ဗကသ) ပြန်လည်ဖွဲ့စည်း ကြောင်း ကြေညာခဲ့ပြီး နောက်တနေ့တွင် အဆိုပါကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ 

ယခုကြေညာချက်တွင် ပြည်သူလူထုမှ မွေးဖွားလာသည့် ပြည်သူ့သားကောင်းများဖြစ်သည်နှင့် အညီ ပြည်သူအပေါင်း ခံစားနေရသည့် အကြပ်အတည်းများကို ၎င်းတို့အနေဖြင့် ခံစားနေရ ကြောင်း ဖော်ပြထားသည်။ 

ဆေးဘက်ဆိုင်ရာ ဗိုလ်လောင်းကျောင်းသားများအနေဖြင့် အဆိုပါတက္ကသိုလ်တွင် သူတောင်း စားများပမာ နေထိုင်စားသောက်နေရပြီး ပါမောက္ခချုပ်လင်မယား၏ မတရား လာဘ်စားမှု ပေါင်းစုံနှင့် စစ်ဗျူရိုကရက် အရာရှိဆိုးများ၏ ခေါင်းပုံဖြတ် ဖိနှိပ်ဦးချိုးမှုအမျိုးစုံကို ကိုယ်တွေ့ ခံစားနေရသည့်အတွက် အခြားညီနောင်ကျောင်းသားများအပေါ် နားလည်စာနာမိသည်ဟု ဆိုသည်။ 

ထို့အတွက် မိဘပြည်သူ ညီနောင်ကျောင်းသားများအတွက် မတရားဖိနှိပ်မှုများကို တိုက်ပွဲဝင် မည့် (ဗကသ)အဖွဲ့ချုပ် ဖွဲ့စည်းမှုကို ကြိုဆိုထောက်ခံကြောင်း ယမန်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org