Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

လှည်းတန်းတွင် ဆန္ဒပြမှုဖြစ်ပွား
လူ (၂၀)ဦးထက်မနည်း အဖမ်းခံရ

ဗထူး။ သြဂုတ် ၂၈၊ ၂၀၀၇

လောင်စာဆီနှင့် ကုန်ဈေးနှုန်းမြင့်တက်လာသည့်အတွက် အကြပ်အတည်းဖြစ်နေသည့် ပြည်သူ များကိုယ်စား ဆန္ဒပြလှုပ်ရှားမှုတခု ယနေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့၊ လှည်းတန်းတွင် ဖြစ်ပွား ခဲ့သည်။

ပြည်သူ့အကြပ်အတည်းကို ဖော်ထုတ်သည့် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများကို အာဏာပိုင်များက အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးနေသည့်ကြားမှ ယနေ့ ရန်ကုန်မြို့တွင် ထပ်မံဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ 

မစုစုနွေးအပါအ၀င် အင်န်အယ်ဒီပါတီဝင်နှင့် ကျောင်းသားအင်အား (၃၀)ခန့်က ယနေ့ နေ့လည်(၁) နာရီခွဲတွင် လှည်းတန်းဈေးရှေ့မှ စတင်၍ လမ်းလျှောက်ဆန္ဒပြခဲ့ရာ နာရီဝက်ခန့်အကြာတွင် ကြံ့ဖွံ့နှင့် စွမ်းအားရှင်အဖွဲ့များ၏ တားဆီးမှုကို ခံခဲ့ရသည်။ 

“လူ (၇၀) လောက်တော့ရှိတယ်။ လှည်းတန်းဈေးရှေ့က စလျှောက်တာ၊ မစ္စဘရောင်းဆိုင်ရှေ့ မှာ စပိတ်တာ။  ကော်ဖီဆိုင်ရောက်တော့ ဖမ်းတာ။ စွမ်းအားရှင်တို့၊ ကြံ့ဖွံ့တို့က ဖမ်းလိုက်တာ။ ကားပေါ်တင်တယ်။ ဆောင့်ပြီးကို တွန်းတင်တာ။ အော်ဟစ်နေကြတာတွေလည်း တွေ့ရတယ်။ ရိုက်လည်းရိုက်တယ်” ဟု လှည်းတန်းနေ မျက်မြင်သက်သေတဦးက ပြောသည်။ 

မစ္စတာဘရောင်း ကော်ဖီဆိုင်ရှေ့တွင် (မယက)နှင့် ကြံ့ဖွံ့အဖွဲ့များက ဒိုင်နာကားသုံးစီးဖြင့် အသင့်စောင့်ဆိုင်း၍ တာဆီးခဲ့ရာ နှစ်ဖက် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကာ အင်န်အယ်ဒီလူငယ် အဖွဲ့ဝင်များဖြစ်ကြသည့် ရဲသိန်းနိုင်(ချောက်)၊ ကျော်စိုးဝင်း(လှိုင်သာယာ)၊ သန်းဝင်း(လှိုင် သာယာ)၊ သန့်ဇင်ဦး(လှိုင်သာယာ)၊ ဘိုဘိုဝင်းနိုင်(ဒေါပုံ)တို့ ဖမ်းဆီးခံခဲ့ရသည်။

“ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့အချိန် စုစုနွေးကို ဆွဲတယ်ပေါ့။ စုစုနွေးက လမ်းပေါ်ပစ်လဲသွားတော့ လူငယ်တွေက စုစုနွေးကို ၀ိုင်းထူတယ်။ တားထားတယ်။ ဒီကောင်တွေက စုစုနွေးကို အရဆွဲ တယ်။ လူငယ်အဖွဲ့က ခေါ်ထုတ်ပြီးတော့  မစ္စတာဘရောင်းဘေးက လမ်းကြားထဲကို ခေါ် ထုတ်သွားတယ်။ ကြုံတဲ့ တက္ကစီနဲ့ ဘာလမ်းဆေးရုံကို ခေါ်သွားတယ်။ ဒဏ်ရာရတဲ့သဘောပါ” ဟု ဆန္ဒပြရာတွင်ပါဝင်သည့် အမည်မဖော်လိုသူတဦးက ဆိုသည်။

ယနေ့ စစ်တွေမြို့တွင်လည်း သံဃာတော်များ ပါဝင်သည့် လူအင်အား (၄၀၀)ခန့်ကလည်း နေ့လည် (၂) နာရီခန့်တွင် လောင်စာဆီနှင့် ကုန်ဈေးနှုန်းမြင့်တက်လာမှုအတွက် လမ်းလျှောက် ဆန္ဒပြခဲ့သည်ဟု စစ်တွေမြို့မှ ထမင်းဆိုင်ပိုင်ရှင်တဦးက ဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org