Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

အခွန်အကောက်အမျိုးမျိုး ကောက်ခံသည့်အတွက် ကျေးရွာသားများက ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ တိုင်ကြား

 

ဗထူး။ ဧပြီ ၄၊ ၂၀၀၇

 

ကျေးရွာရယကများက အကြောင်းပြချက်အမျိုးမျိုးဖြင့် ကျေးရွာသားများအပေါ် ငွေတောင်းခံမှု များကို မခံမရပ်နိုင်သဖြင့် စစ်အစိုးရ ဗိုလ်ချုပ်မှူးကြီးထံ စာရေးသားပေးပို့ တိုင်ကြားလိုက် သည်။ 

ဧရာဝတီတိုင်း၊ မအူပင်ခရိုင် ညောင်တုန်းမြို့နယ် အလယ်ချောင်းကျေးရွာအုပ်စုမှ ရွာသားများ စုပေါင်းကာ အတင်းအကြပ်ငွေကောက်ခံမှုများ ရပ်တန့်ရန် တိုင်ကြားလိုက်ခြင်းဖြစ်သည်။ 

“ပြီးခဲ့တဲ့လ (၃)ရက်နေ့ကစပြီး ရွာသားတွေကို ဘုန်းကြီးကျောင်းမှာ တအိမ်တယောက်ဆင့်ခေါ် ပြီး ငွေတောင်းတာ။ သူတို့အသုံးစရိတ်အတွက်လို့ပြောပြီး တအိမ်ကို ငွေတထောင်နှုန်းနဲ့ ကောက်မဲ့အကြောင်းကို ခေါ်ပြောတာ၊ လူကြီးတာဝန် စယူကတည်းက ငွေအမျိုးမျိုးကောက် တာ။ ဥက္ကဋ္ဌဦးမြင့်ဦးရယ်၊ အဖွဲ့ဝင် ဦးမောင်ဝင်းတို့က ကောက်နေတာ”ဟု အဆိုပါကျေးရွာ အုပ်စုမှ ရွာသားတဦးက ဆိုသည်။

ကျေးရွာလူကြီးအဖြစ် ရွေးချယ်ခံရသည့် ၁၇၊ ၁၂၊ ၂၀၀၇ ရက်နေ့မှစတင်ကာ ရွာသားများထံမှ အကြောင်းပြချက်အမျိုးမျိုးဖြင့် ငွေကောက်ခံခဲ့ရာ ယခုတကြိမ်တွင်လည်း ရယကရုံးအသုံးစရိတ် အတွက်ဟုဆိုကာ အိမ်ခြေ (၄၅၀) ရှိသည့် အလယ်ချောင်းကျေးရွာအုပ်စု၌ ငွေကောက်ခံခြင်း ဖြစ်သည်။ 

စစ်အစိုးရက ခရိုင်၊ မြို့နယ်၊ ကျေးရွာများ၏ အုပ်ချုပ်ရေးယန္တရားအား ပြုပြင်ရန်အတွက် ပြီးခဲ့နှစ် က စတင်ပြောင်းလဲလိုက်ခြင်းမှာ ပြည်သူအများစုအား ငွေကြေးကောက်ခံခြင်းများ ပြုလုပ်သည့် အတွက် ပြည်သူများ တိုင်တန်းမှုများ၊ လူထုအတွင်း မကျေနပ်မှုများ လျှော့နည်းသွားရန်ဟု ဆိုခဲ့ သည်။ 

“စလွှဲလိုက်ကတည်းက ကောက်နေတာ ၊ ဘောလုံးပွဲအတွက်က ၅၀၀၊ ဆေးပေးခန်း ဆောက်ဖို့ က တအိမ် ၂,၀၀၀ ၊ ဘာသာရေးကိစ္စလုပ်ဖို့က တအိမ် ၅၀၀၊ ခုလည်း အသုံးစရိတ်ဆိုတာက ရုံး ဘောပင်၊ မှတ်တမ်းစာအုပ်၊ အစည်းအဝေးစရိတ်၊ ဧည်စရိတ်အတွက်လို့ ပြောပြီးကောက်တာပဲ” ဟု ဒေသခံက ဆိုသည်။  

အဆိုပါငွေကောက်ခံမှုများ အမြန်ဆုံး ရပ်တန့်ပေးရန် အသိပေးအစီရင်ခံအပ်သည်ဟု အလယ်ချောင်းကျေးရွာအုပ်စု ရွာသူရွာသားများ၏ တိုင်တန်းစာတွင် ပြည်ထဲရေးဝန်ကြီး၊
ဧရာဝတီတိုင်း တယက၊ ခရိုင် ခယက၊ မယကများသို့လည်း လိပ်မူထားသည်။

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org