Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

တိုင်းရင်းသားများအား တိုက်ခိုက်နေမှုအပေါ် လူ့အခွင့်အရေးအဖွဲ့များက စစ်အစိုးရကို ပြစ်တင်ဝေဖန်

 

ဉာဏ်မောင်။ ဧပြီ ၁၈၊ ၂၀၀၇

 

စစ်အစိုးရ၏ လတ်တလော တိုင်းရင်းသားများအား တိုက်ခိုက်နေမူအပေါ် ပြီးခဲ့သည့် စနေနေ့က အမေရိကန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့များက ပြစ်တင်ဝေဖန်လိုက်သည်။  

ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် လက်နက်ကိုင် တော်လှန်နေသော ကေအင်န်ယူနှင့် စစ်အစိုးရ အုပ်စုများ ထိုင်းနိုင်ငံနယ်စပ်အနီး ဖြစ်ပွားနေသော စစ်ပွဲများ အဆုံးသတ်ရန် တိုက်တွန်း လိုက်ခြင်း ဖြစ်သည်။ 

ယခုအပတ်အစောပိုင်းက ဖြစ်ပွားခဲ့သော စစ်အစိုးရတပ်များနှင့် ကေအင်န်ယူတပ်များအကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံကရင်အမျိုးသား (၃၀၀) ကျော်မှာ ထိုင်းနိုင်ငံအတွင်း သို့ ထွက်ပြေးခိုလှုံခဲ့ကြရသည်။ 

“မြန်မာစစ်အစိုးရ၏ ကရင်အမျိုးသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် တိုင်းရင်းသားပြည်သူများကို မောင်းထုတ်နေသော တိုက်ခိုက်မှုစစ်ပွဲများကို အဆုံးသတ်သင့်ပါသည်”ဟု ကရင်ပြည်နယ် အရှေ့ပိုင်းတွင်ရှိသော လူအခွင့်အရးအုပ်စုများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ထို့အပြင် အမေရိကန်လူ့အခွင့်အရေးအုပ်စုများကလည်း နိုင်ငံတကာအသိုင်းအဝိုင်းများမှလည်း ဤအခြေနေများအပေါ် အနီးကပ်စောင့်ကြည့်ဖို့လိုအပ်နေပြီး ထွက်ပြေးလာသော စစ်ပြေး ဒုက္ခသည်များကို ကာကွယ်ရန်နှင့် ၎င်းတို့အား ကူညီစောင့်ရှောက်မည့် နည်းလမ်းများ ရှာဖွေရန် ထိုင်းအစိုးရအား တိုက်တွန်းလိုက်သည်။  

စစ်အစိုးရအနေဖြင့် အင်အားအနည်းငယ်မျှသော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA)ကို အသုံးချကာ (KNU)အား နအဖတပ်အင်အား အလုံးအရင်းနှင့် ထိုးစစ် ဆင်နေခြင်းကို (KNU)က ပြင်းထန်စွာရှုံ့ချလိုက်ပြီး ထိုးစစ်ဆင်မှုများကို ရင်ဆိုင်သွားမည်ဟု မကြာမီကပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ကေအင်န်ယူ ခေါင်းဆောင်များက ပြောဆိုလိုက်သည်။  

စစ်အစိုးရတပ်များက ကရင်ပြည်နယ်အနှံ့ ထိုးစစ်ကြီးများ ဆင်နွှဲနေသောကြောင့် ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်းများတွင် ကရင်ဒုက္ခသည်တစ်သိန်းခွဲခန့် ခိုလှုံနေထိုင်လျှက် ရှိသည်။

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org