|
စစ်အစိုးရ
ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း မကြာမီကာလအတွင်း
ကျန်းမာရေးအခြေအနေအရ အနားယူတော့မည်ဖြစ်ကြောင်း အစိုးရအသိုင်းအ၀ိုင်းက
ယနေ့ပြောကြားလိုက်သည်။
ကျန်းမာရေးအခြေအနေဆိုးဝါးလာသဖြင့် စင်္ကာပူဆေးရုံတွင်
ဆေးရုံတက်ရောက်ကုသခဲ့ပြီး မကြာမီ ယခုကဲ့သို့ သတင်းထွက်ပေါ်လာခြင်း
ဖြစ်သည်။
ဗိုလ်ချုပ်ကြီးစိုးဝင်း၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍
သတင်းအမျိုးမျိုး ထွက်ပေါ်နေ ချိန် ပြီးခဲ့သည့်မတ်လကုန်ပိုင်းက
နေပြည်တော်၌် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင်
ဝန်ကြီးချုပ်အနေဖြင့် ပုံမှန်ကျန်းမာရေး စစ်ဆေးရန်အတွက်
စင်္ကာပူနိုင်ငံသို့ သွားရောက်ခဲ့ခြင်း သာဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး
ဗိုလ်မှူးချုပ်ကျော်ဆန်းက ပြောကြားခဲ့သည်။
စစ်အစိုးရ၏
လုပ်ထုံးလုပ်နည်းအရ ဗိုလ်ချုပ်ကြီးစိုးဝင်းအနားယူလျှင်
အတွင်းရေးမှူး(၁)ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းစိန်
ဝန်ကြီးချုပ်ဖြစ်လာလိမ့်မည်ဟု စစ်အစိုးရအသိုင်းအ၀ိုင်းကို ကိုးကားကာ
ထိုင်းနိုင်ငံမှ ယနေ့ထုတ် ဘန်ကောက်ပို့(စ်)သတင်းစာက ဆိုသည်။
ဗိုလ်ချုပ်ကြီးစိုးဝင်းသည် ၂၀၀၃ ခုနှစ်၊ မေလ (၃၀)ရက်နေ့ ဒီပဲယင်းအနီး
ဒေါ်အောင်ဆန်းစုကြည်နှင့် အင်န်အယ်ဒီပါတီဝင်များကို အကြမ်းဖက်
ရိုက်နှက်လုပ်ကြံမှုကြီး တွင် အနောက်မြောက် တိုင်းစစ်ဌာနချုပ်၊
တိုင်းမှူးအဖြစ် ကိုယ်တိုင်ဦးဆောင်ခဲ့ပြီးနောက် ၀န်ကြီးချုပ်ရာထူးကို
လက်ခံရရှိခဲ့သူ ဖြစ်သည်။ |