Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

စစ်အစိုးရပိုင် စီးပွားရေးလုပ်ငန်းနှစ်ရာကျော် ပုဂ္ဂလိကပိုင်ပြုလုပ်

 

ဉာဏ်မောင်။ ဧပြီ ၇၊ ၂၀၀၇

 

စစ်အစိုးရ၏ အမျိုးသားစီမံကိန်းဝန်ကြီးဌာန အရာရှိတဦးက ၀န်ကြီးဌာန (၁၀)ခုမှ အဆိုပြုထား သောလုပ်ငန်း (၂၈၈)ခုအနက် (၂၁၅)ခုကို ပုဂ္ဂလိကပိုင်ပြုလုပ်လိုက်သည်ဟု ယမန်နေ့က အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားလိုက်သည်။

တိုင်းရင်းသားလုပ်ငန်းရှင်များကိုသာ ရောင်းချမည့် အဆိုပါလုပ်ငန်းများအား ရောင်းချခြင်းသည် ပြည်တွင်း တိုင်းရင်းသား ပုဂ္ဂလိကစီးပွားရေးသမားများအတွက် အကျိုးအမြတ်ရစေချင်၍ ရောင်းချခြင်းဖြစ်သည်ဟု ဆိုသည်။

ပုဂ္ဂလိပိုင်ပြုလုပ်လိုက်သည့် စီးပွားရေးလုပ်ငန်းများအနက် တနိုင်ငံလုံးရှိ ရုပ်ရှင်ရုံများအပါအ၀င်  ပြန်ကြားရေးဝန်ကြီးဌာနပိုင်(၁၂၄)ခုနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပိုင် လုပ်ငန်း(၂၅)ခု ပါဝင်သည်။ ထို့အပြင် စစ်ကိုင်းတိုင်းအတွင်းရှိ ဆန်စက်(၆)လုံးလည်း ပါဝင်သည်။

လုပ်ငန်း(၆၅)ခုကတော့  ရောင်းမိန့်ကျပြီးသွားပြီ။ ကျန်တဲ့အဆိုပြုလွှာအသစ်တွေကိုတော့ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်ဆီကနေ လာပါလိမ့်မယ်။ မြန်မာတိုင်းရင်းသားတွေကို အစိုးရပိုင် စီးပွားရေးလုပ်ငန်းအားလုံးရောင်းလိမ့်မယ်။ ကျနော်တို့ ပေါ်လစီအရ နိုင်ငံခြားသား တွေကို မရောင်းပါဘူး”ဟု အမည်မဖော်လိုသူ အမျိုးသားစီမံကိန်းဝန်ကြီးဌာန အဆင့်မြင့်အရာရှိ တဦးက ဆိုသည်။

စစ်အစိုးရအနေဖြင့် ၁၉၉၀ နှစ်လယ်ပိုင်းခန့်က စတင်ကာ တခါးဖွင့်စီးပွားရေးစံနစ်ကို ကျင့်သုံးခဲ့ သော်လည်း အစိုးရ၏တင်းကြပ်သော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စည်းကမ်းများကြောင့် နိုင်ငံခြား သားပိုင် လုပ်ငန်းအမြောက်အများ ပြန်လည်ထွက်ခွာသွားပြီး ပြည်တွင်း တိုင်းရင်းသားလုပ်ငန်း ရှင်များအနေဖြင့်လည်း ပုံသေမရှိသော စီးပွားရေးပေါ်လစီများကြောင့် မြန်မာ့စီးပွားရေးမှာ ချွတ်ခြုံကျခဲ့သည်။

စစ်အစိုးရ၏ စာရင်းဇယားများအရ စီးပွားရေးတံခါးဖွင့်ပြီးကတည်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ (၁၄.၂)ဘီလီယံရှိသည်ဟု ဖော်ပြသည်။  လွန်ခဲ့သောနှစ်က မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ (၁.၄)ဘီလီယံ ကုန်သွယ်မှုအသာစီး အကျိုးအမြတ်ရခဲ့ပြီး နိုင်ငံခြားပို့ကုန် အမေရိကန်ဒေါ်လာ (၃.၅)ဘီလီယံရှိကာ သွင်းကုန် အမေရိကန်ဒေါ်လာ (၂) ဘီလီယံခန့် ရှိခဲ့သည်ဟု ဆိုသည်။

ယခုရောင်းချသည့်လုပ်ငန်းများတွင် ၀င်ငွေကျဆင်းနေသော ပြန်ကြားရေးဝန်ကြီးဌာပိုင် ရုပ်ရှင်ရုံ များ တနိုင်ငံလုံး အတိုင်းအတာထိ ပါဝင်သည်။

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org