Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

တအိမ်ထောင်လျှင် ကြက်ဆူပျိုးပင် (၃၀၀) မိမိငွေဖြင့် မစိုက်မနေရခိုင်းစေ

ရိုးမ ၃။ ဧပြီ ၂၇၊ ၂၀၀၇

မြို့နယ်(မယက)နှင့် ကျေးရွာ(ရယက) အာဏာပိုင်များက မကွေးတိုင်းအတွင်း မြို့နယ်ကျေးရွာ အလိုက် တအိမ်ထောင်လျှင် ခြံစည်းရိုးကြက်ဆူပျိုးပင် (၃၀၀) အား မိမိငွေကြေးဖြင့် မစိုက်မနေရ အဓမ္မစေခိုင်းနေသည်။ 

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ကျေးရွာများအား အာဏာပိုင်တို့က ယခုလ (၁၃) ရက်နေ့မှစတင်ကာ စီမံကိန်းသီးနှံဖြစ်သော ကြက်ဆူပျိုးပင်များကို အိမ်ထောင်စုအလိုက် မိမိ ငွေဖြင့် ၀ယ်ယူ၍ အတင်းအဓမ္မစိုက် ပျိုးရန် ခိုင်းစေနေခြင်းဖြစ်သည်။ 

ဆင်ပေါင်ဝဲမြို့နယ် ကုန်းဘိုကျေးရွာအုပ်စု  ကြံ့ဖွံ့အတွင်းရေးမှူး ဦးအောင်သန်း၊ ကုန်းဘို (ရယက)ဥက္ကဌ ဦးလှဝေ၊ စမ်းအိုင်ကျေးရွာ(ရယက) ဥက္ကဌ ဦးမြင့်အောင်၊ ကုန်းသာကျေးရွာ (ရယက)ဥက္ကဌ ဦးတင့်လှိုင်တို့၏ အမိန့်ဖြင့် ရွာသားများအား အတင်းအကြပ် စေခိုင်းခဲ့ခြင်း ဖြစ်သည်။ 

“မျိုးစေ့က နို့ဆီဘူးတလုံးကို ၃၀၀ နဲ့ (ရယက)ဆီမှာ ၀ယ်ရတယ်၊ ၃ လက္မ ၄ လက္မရှိတဲ့ ပျိုးပင် အိပ် ၃၀၀ ကို ၄၇၅ ကျပ်၊ အိမ်ထောင်စုတစုကို ပျိုးပင် ၃၀၀ စိုက်ရတယ်၊ အိမ်မှာက ပျိုးပင် တရာ၊ ရွာပျိုးခြံကို ၂၀၀ ပို့ရတယ်” ဟု ငွေအကုန်ကျခံ စိုက်ပျိုးနေရသူတဦးက ဆိုသည်။ 

ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ကျေးရွာတိုင်းတွင် အာဏာပိုင်များ သတ်မှတ်ထားသည့်အတိုင်း မိမိငွေစိုက်ထုတ်၍ စိုက်ပျိုးနေရပြီး ကျွဲနွားမရှိသည့် ရွာသားများမှာ တနေ့လျှင် နှစ်ဦးကျ ကျေးရွာပျိုးခြံတွင် အလှည့်ကျ ရေလောင်းပေးရပြီး ကျွဲနွားရှိသူများမှာ ပျိုးခြံသို့ နေစဉ် ကျောင်းဆရာမ၊ စခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များကို ပို့ဆောင်ပေးရကြောင်း ၄င်းကဆိုသည်။ 

စစ်အစိုးရက ခြံစည်းရိုးကြက်ဆူပျိုးပင်မှ ဘိုင်အိုဆီ ထုတ်လုပ်အသုံးပြုရန်အတွက် နိုင်ငံအနှံ့ ကြက်ဆူပင်စီမံကိန်းကို ချမှတ်လုပ်ဆောင်နေပြီး နိုင်ငံတော်မှ အဆိုပါစီမံကိန်းဝင် သီးနှံအတွက် အကုန်အကျခံ ပြုလုပ်နေသည်ဟု သတင်းများတွင် ဖော်ပြလေ့ရှိသည်။ 

ဒေသခံတဦးက “အခုကြက်ဆူပင်တွေက ပဲခူးရိုးမပတ်လမ်းတလျှောက် စိုက်ပေးနေရတာ၊ ဒါတင်မကသေးဘူး၊ ဆရာမတွေနေဖို့ ဘော်ဒါဆောင်အတွက်ဆိုပြီး ရိုးမထဲ သုံးလေးရက် လောက် အိပ်ပြီး သစ်သွားတိုက်ပေးရသေးတယ်”ဟု ဆိုသည်။

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org