|
(KNU)
ကရင်အမျိုးသားအစည်းအရုံး၊ ဗဟိုကော်မတီ နှင့် ဂုဏ်ထူးဆောင်နာယက
အဖွဲ့ဝင်တဦးဖြစ်သည့် ဗိုလ်ချုပ်ကျော်သောင်း အသက်(၈၃)နှစ်သည် အူမကြီး
ကင်ဆာရောဂါဖြင့် ၂၀၀၇ မတ်လ (၃၁)ရက်နေ့တွင် ကွယ်လွန်သွားခဲ့သည်။
ထိုင်း-မြန်မာနယ်စပ်ရှိ ဆေးရုံ၌ အူမကြီးကင်ဆာ ရောဂါဖြင့်
တက်ရောက်ကုသမှုခံယူနေရာ ယမန်နေ့ ညနေက ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။
၁၉၄၇ ခုနှစ်တွင်
စတင်၍ တော်လှန်ရေးတာဝန်
ထမ်းဆောင်ခဲ့ပြီး အင်းစိန်တိုက်ပွဲတွင်လည်း
ပါဝင်ခဲ့သူ
ဗိုလ်ချုပ် ကျော်သောင်းသည် မြစ်ဝကျွန်းပေါ် ပျောက်ကြားတပ်စုမှူး ဗိုလ်ဘဝ
အဆင့်မှ တပ်ရင်း၊တပ်မ နိုင်ငံရေးမှူး၊ အထူးတပ်ရင်း (၁၀၁)
အကြံပေးအရာရှိ၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်မတော်(KNDO) ဗိုလ်ချုပ်၊ (KNU)
ဗဟိုကော်မတီဝင် စသည့်တာဝန်များကို ထမ်းဆောင်ခဲ့သည်။
ကွယ်လွန်ချိန်တွင် ဇနီး နမ့်တင်တင်နှင့် သားသမီး (၂)ဦး ကျန်ရစ်ခဲ့ပြီး
၎င်း၏ဈာပနကို မနက်ဖြန်တွင် သင်္ဂြိုလ်မည်ဖြစ်သည်။
ဗိုလ်ချုပ်ကျော်သောင်းကို ၁၂၈၅
ခုနှစ်၊ ပြာသိုလဆုတ်
(၁၁)ရက်၊ တနင်္လာနေ့တွင် မအူပင် ခရိုင်၊ ပန်းတနော်မြို့နယ်၊
ထိန်ကုလားကုန်းကျေးရွာတွင် အဖ မန်းနန်းရင်၊ အမိ နန်းညွန့်တို့က မွေးဖွားခဲ့သည်။ |