|
အာရှလမ်းမတိုးချဲ့ဖောက်လုပ်ရန်
လုံခြုံရေးအတွက် (KNU) ငြင်းဆိုသည်ဟုဆို
ဉာဏ်မောင်။
ဧပြီ ၂၆၊ ၂၀၀၇
မြန်မာနိုင်ငံအတွင်း အရှေ့နှင့်အနောက်သွယ်တန်းမည့် လမ်းဖောက်လုပ်ရေး
ထိုင်းနိုင်ငံ၏ ကမ်းလှမ်းချက်ကို (KNU)က ငြင်းဆိုလိုက်သည်ဟု ယနေ့
ထိုင်းနိုင်ငံထုတ် သတင်းစာတွင် ဖော်ပြထားသည်။
မြန်မာပြည်တွင်း လမ်းဖောက်လုပ်ရန် ကွင်းဆင်းဆောင်ရွက်မည့် ထိုင်းအဖွဲ့၏
လုံခြုံရေးအတွက် (KNU)မှ ဆောင်ရွက်မပေးနိုင်ကြောင်း (KNU)
ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဘတ်ငွေသန်း
၆၀၀ ကုန်ကျမည့် (၃၂) ကီလိုမီတာရှည်လျှားသည့် အဆိုပါလမ်းမကြီး
တစိတ်တပိုင်းကို တိုးချဲ့ဖောက်လုပ်ရေးတွင်
(၁၈)ကီလိုမီတာရှည်လျှားသည့် မြ၀တီ-သင်္ကန်း ညီနောင်လမ်းမှာ ဘတ်ငွေသန်း
၁၂၂ သန်း ကုန်ကျခဲ့ကာ မေလတွင် ပြီးစီးမည်ဖြစ်ပြီး ဒုတိယ
အပိုင်းဖြစ်သည့် သင်္ကန်းညီနောင်-ကော့ကရိတ်လမ်းကို ထိုင်းနိုင်ငံမှ
အကုန်အကျခံ၍ ဆက်လက်တည်ဆောက်မည်ဖြစ်သည်။
ကွင်းဆင်းစပ်သပ်မှုကို ပြုလုပ်နေသော ထိုင်းနိုင်ငံ (PSV)ကုမ္ပဏီမှ
အကြံပေးဖြစ်သူက “ယခု အခါ လုံခြုံရေးအတွက် မြန်မာစစ်အစိုးရနှင့်
စီစဉ်ဆောင်ရွက်နေပြီး စမ်းသပ်မှုသည် ၈၀ ရာခိုင် နှုန်း ပြီးစီးကာ
ယခုလကုန်တွင် အားလုံးပြီးစီးလိမ့်မည်”ဟု ဆိုသည်။
ထိုင်းနိုင်ငံမှ စတင်ဆောင်ရွက်မည့် အဆိုပါ အာရှလမ်းမကြီးသည် အိန္ဒိယ၊
ဘင်္ဂလားဒေ့(ရှ်) စသည့် တောင်အာရှနိုင်များနှင့် တရုတ်နိုင်ငံတို့ကို
အနာဂတ်တွင် ဆက်သွယ်မည့် အချက်အခြာ လမ်းမကြီးတခုဖြစ်ပြီး
မဲဆောက်မြို့တွင် ဘတ်ငွေ ၂၅ သန်း ကုန်ကျခံတည်ဆောက်ခဲ့သည့်
အဝေးပြေးကားစခန်းတခုကို ပြီးခဲ့သည့် တနင်္လာနေ့က ထိုင်းနိုင်ငံ၊
ပို့ဆောင်ဆက်သွယ်ရေး ဒုဝန်ကြီးက ဦးဆောင်ဖွင့်လှစ်ခဲ့သည်။ |