Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ဆယ်စုနှစ်ခုကျော် အဆက်အသွယ်ဖြတ်တောက်ထားသည့် မြောက်ကိုရီးယားနှင့် စစ်အစိုးရ သံအဆက်အသွယ် ပြန်လည်စတင်မည်

 

ဉာဏ်မောင်။ ဧပြီ ၂၃၊ ၂၀၀၇

 

နှစ် (၂၀)ကျော်ပိတ်ပင်ထားသည့် မြောက်ကိုရီးယားနှင့် သံတမန်ဆက်သွယ်ရေးအား စစ်အစိုးရ က ပြန်လည်စတင်မည် ဖြစ်သည်။

၁၉၈၃ ခုနှစ်ကတည်းက အာဇာနည်ကုန်းတွင် အကြမ်းဖက်ဗုံးဖောက်ခွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ယခင် (မဆလ)အစိုးရလက်ထက်တွင် မြောက်ကိုရီးယားနိုင်ငံနှင့် သံတမန်ဆက်သွယ်ရေး ဖြတ်တောက်ထားပြီးနောက် ယခုကဲ့သို့ သံအဆက်အသွယ်စတင်ရန် သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။

ယခု(နအဖ)စစ်အစိုးရနှင့် မြောက်ကိုရီးယားနှစ်နိုင်ငံကြား လာမည့်အပတ်အတွင်း သံတမန် အဆက်အသွယ် ပြန်လည်စတင်ရန် နှစ်ဘက်သဘောတူညီ လက်မှတ်ရေးထိုးမည်ဟု မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းရပ်ကွက်ကို ကိုးကားကာ အေအက်(ဖ်)ပီသတင်းဌာနက ဆိုသည်။

၁၉၈၃ ခုနှစ်အတွင်း တောင်ကိုရီးယားသမ္မတ မစ္စတာချန်ဒူးဝမ်နှင့် ကိုယ်စားလှယ်အဖွဲ့သည် အာရှ(၇)နိုင်ငံ လှည့်လည်ရေးခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်စဉ် ရွှေတိဂုံဘုရားအနီး အာဇာနည်ဗိမာန်တွင် မြောက်ကိုရီးယားအကြမ်းဖက်သမားများက ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါဗုံးပေါက်ကွဲမှုတွင် တောင်ကိုရီးယားဝန်ကြီး (၄) ဦး အပါအ၀င် တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့မှ (၁၇)ဦးသေဆုံးကာ (၁၇)ဦးဒဏ်ရာရရှိခဲ့ပြီး မြန်မာအစိုးရအရာရှိ(၄) ဦး သေဆုံးခဲ့ပြီး ထိုစဉ်က တောင်ကိုရီိးယားသမ္မတသာ လွတ်မြောက်သွားခဲ့သည်။

၎င်းအကြမ်းဖက်မှုတွင်ပါဝင်သော မြောက်ကိုရီးယားစစ်တပ်မှ ကင်မင်ချူးအား စစ်အစိုးရက ပြီးခဲ့သည်လက သေဒဏ်မှလွှတ်ပေးခဲ့ပြီးနောက် ယခုလကုန်ပိုင်းတွင်တရုတ်နိုင်ငံသို့ အလည် အပတ်ရောက်ရှိနေသော မြောက်ကိုရီးယားဒုတိယနိုင်ငံခြားရေးဝန်ကြီး ကင်ယုံအီးသည် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဟု သတင်းများက ဆိုသည်။

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org