|
ထိုင်း-မြန်မာချစ်ကြည်ရေး ဂီတဖျော်ဖြေပွဲကို ထိုင်း-မြန်မာနယ်စပ်၊
မဲဆောက်မြို့၊ ၀ိထယာခုံမ် စာသင်ကျောင်း အားကစားကွင်းတွင် ယမန်နေ့ညက
ကျင်းပခဲ့သည်။
မြန်မာနိုင်ငံမှ နာမည်ရအဆိုတော် (၆)ဦးပါဝင်သည့် အဆိုပါဂီတပွဲကို
ည(၇)နာရီတွင် စတင်ခဲ့ပြီး ထိုင်းနိုင်ငံရောက်
မြန်မာအလုပ်သမားများအပါအ၀င် ပရိသတ်(၅,၀၀၀)ခန့် ကြည့်ရှုအားပေး ခဲ့သည်။
မဲဆောက်မြို့ပိုင်၊ စူချက်စ၀ါနာခရက်
ကိုယ်တိုင်တက်ရောက်ဖွင့်လှစ်ပေးခဲ့သည့် အဆိုပါဂီတပွဲ အတွက်
လက်မှတ်တစောင်လျှင် (၃၀၀)ဘတ်နှုန်းဖြင့် ရောင်းချခဲ့ပြီး
နောက်ပိုင်းတွင် မြန်မာ အလုပ်သမားများအတွက် (၂၀၀)ဘတ်နှုံးဖြင့်
ရောင်းချခဲ့သည်။
မြန်မာပြည်မှ လာရောက်ဖျော်ဖြေသည့် အဆိုတော်များမှာ မေခလာ၊
ဆောင်းဦးလှိုင်၊ ကဗျာ ဘွဲ့မှူး၊ ဇော်ပိုင်၊ အယ်လ်လွန်းဝါ၊
အိုင်းရစ်လေပြေဦးတို့ ဖြစ်သည်။ |