Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

အိန္ဒိယ-မြန်မာ ရထားလမ်းဖောက်လုပ်ရန် တိုင်းတာမှုပြီးစီး

ဉာဏ်မောင်။ ဧပြီ ၃၀၊ ၂၀၀၇

အိန္ဒိယမီးရထားပညာရှင်များ၊ စီးပွားရေးပညာရှင်များနှင့် မြန်မာ့မီးရထားပညာရှင်များ ပူးတွဲ၍ နှစ်နိုင်ငံကြား တည်ဆောက်မည့် မီးရထားလမ်း ကွင်းဆင်းတိုင်းတာမှုများပြီးစီးကြောင်း အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာနမှ  ထုတ်ပြန်လိုက်သည်။

ကီလိုမီတာ(၃၅၀)ရှည်လျှားသည့် အိန္ဒိယနှင့်မြန်မာနိုင်ငံမီးရထားလမ်း ဖောက်လုပ်မည့် အစီအစဉ်ကို နှစ်နိုင်ငံပညာရှင်များက ပူးတွဲတိုင်းတာခဲ့ပြီးနောက် ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ 

စီးပွားရေးအရ အကျိုးအမြတ်များစွာဖြစ်ထွန်းမည့် အဆိုပါမီးရထားလမ်းဖောက်လုပ်ခြင်းအတွက် အိန္ဒိယအနေဖြင့် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့အား တိုက်ရိုက်ဆက်သွယ်နိုင်မည်ဟုဆိုသည်။

အဆိုပါစီမံကိန်းကို မည်သည့်အချိန်တွင် စတင်ပြုလုပ်မည်ဟု ဖော်ပြမထားပဲ အိန္ဒိယနိုင်ငံ၊ ဂျီရိဘန်-မိုရေးနှင့် မြန်မာ၊ တမူး-ကလေး-စစ်ကိုင်းကို ဆက်သွယ်မည့် မီးရထားလမ်းသစ် အတွက် ခန့်မှန်းခြေရူဘီ(၄၂၈၀)ကုဋေ ကုန်ကျမည်ဟု အိန္ဒိယပြည်ထောင်စုအစိုးရ မီးရထား ဝန်ကြီးအာဗွီလုမှ ပြောဆိုသည်။ 

ဒေလီရှိ အိန္ဒိယအရာရှိများက ကုန်ပစ္စည်းများကို မီးရထားဖြင့် သယ်ယူပို့ဆောင်ခြင်းသည် ပင်လယ်ရေကြောင်းထက် ပို၍မြန်ဆန်သည့်အပြင် ကားလမ်းထက် ပို၍ ကုန်ပစ္စည်းများ တင်ဆောင်နိုင်ပြီး ကုန်ကျစရိတ်များကိုလည်း လျှော့ချနိုင်ကြောင်း ထောက်ပြကြသည်။ အိန္ဒိယ-မြန်မာ မီးရထားလမ်း ဆက်သွယ်ခြင်းအားဖြင့် ဒေလီမှဟနွိုင်သို့ ကုန်ပစ္စည်းများကို သယ်ယူ ပို့ဆောင်နိုင်သည့်အပြင် အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ပိုင်းဒေသများတွင်လည်း စီးပွားရေးဖွံ့ဖြိုး တိုးတက်လာနိုင်သည်ဟု ဆိုသည်။

အိန္ဒိုယအနေဖြင့် ၂၀၀၄ခုနှစ်ကုန်ပိုင်းတွင် ၀န်ကြီးချုပ်မန်မိုဟန်ဆင်းမှ ဂျီရိဘန်နှင့် တူပူလ် မီရထားလမ်း တည်ဆောက်ရေးလုပ်ငန်းကို မဏိပူရပြည်နယ်တွင် အုပ်မြစ်ချစတင်ဆောင်ရွက် ခဲ့ပြီး ဂျီရိဘန်နှင့် တူပူလ် မီးရထားလမ်းသည် (၉၇.၉)ကီလိုမီတာရှည်လျားပြီး အမျိုးသား စီမံကိန်းဌာနမှ  ရူးပီးငွေ(၇၂၇.၅၆)ကုဋေ အကုန်အကျခံ တည်ဆောက်နေသော စီမံကိန်းသည် ၂၀၁၀ခုနှစ်မတ်လတွင် ပြီးစီးမည်ဟု ခန့်မှန်းကြောင်း ဗဟိုအစိုးရမှ ထုတ်ပြန်ကြေညာခဲ့သည်။ 

ထို့အပြင် နယ်နမိတ်(၃၂၀)ကီလိုမီတာ ထိစပ်နေသော်လည်း ယခုအချိန်ထိ ဆက်သွယ်ထား သည့် လမ်းဖေါက်လုပ်ထားခြင်းမရှိသေးသော ဘင်္ဂလားဒေ့(ရှ်)အစိုးရကလည်း မြန်မာနှင့် (၂၅) ကီလိုမီတာရှည်လျှားမည့် ကားလမ်းဖောက်လုပ်ရေးလုပ်ငန်းကို ဘင်္ဂလားဒေ့(ရှ်)အစိုးရက အကုန်အကျခံ ဖောက်လုပ်ရန် ပြင်ဆင်လျှက်ရှိသည်။

မြန်မာနိုင်ငံသို့သွားရောက်လည်ပတ်မည့် ဘင်္ဂလားဒေ့(ရှ်)ကြားဖြတ်အစိုးရ နိုင်ငံခြားရေး ဝန်ကြီး အစ်ဖ်တက်ခါအာမက် ချော့ဟူဒီ မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်မည့်အချိန်တွင် ၎င်းသဘောတူညီချက်ကို လက်မှတ်ရေးထိုးမည်ဟု စနေနေ့က ဘင်္ဂလားဒေ့(ရှ်)အစိုးရထုတ်ပြန် ကြေညာချက်တွင် ဆိုသည်။  

နှစ်နိုင်ငံအတွက် စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းမှ အကျိုးအမြတ်ရရှိမည့် အဆိုပါလမ်းဖောက် လုပ်ခြင်းအားဖြင့် ဘင်္ဂလားဒေ့(ရှ်)အစိုးရအနေဖြင့် တရုတ်နှင့် ထိုင်းနိုင်ငံသို့လည်း တိုက်ရိုက် ဆက်သွယ်နိုင်မည်ဖြစ်သည်။

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org