Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

သဘာဝဓာတ်ငွေ့စီမံကိန်းများသည် လူ့အခွင့်အရေးကို ခြိမ်းခြောက်နေကြောင်း HRW က ပြောဆို

 

ဉာဏ်မောင်။ ဧပြီ ၅၊ ၂၀၀၇

 

မြန်မာပြည် ကမ်းလွန်ရေနံထုတ်လုပ်မည့် နေရာများမှ သဘာဝဓါတ်ငွေ့ပိုက်လိုင်းများ သွယ်တန်း တည်ဆောက်ရေးလုပ်ငန်းသည် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပိုမိုဆိုးဝါးစေသည်ဟု  လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့(HRW)မှ ယနေ့ပြောကြားလိုက်သည်။

မြန်မာပြည်တွင် တနေရာမှတနေရာသို့ ပိုက်လိုင်းသွယ်တန်းမှုတွင် အဓမ္မ အလုပ်ခိုင်းစေမှုများ၊ မြေယာများကို အစိုးရက တရားမ၀င် သိမ်းပိုက်ခြင်း၊ အိမ်နေရားများ အဓမ္မ ရွှေ့ပြောင်းစေခြင်း၊ ရွာသူရွာသားများ၏ ဆန္ဒကို ဆန့်ကျင်၍ မလိုအပ်သော အမိန့်အာဏာများ အဓမ္မ အသုံးပြုခြင်း အတွက် ယခင်အတွေ့အကြုံများအပေါ်တွင် အခြေခံ၍ HRW မှ ပြောဆိုလိုက်ခြင်းဖြစ်သည်။

စစ်အစိုးရအနေဖြင့် ကမ်းလွန်ရေနံလုပ်ကွက်များမှ  မြောက်များလှစွာသော သဘာဝဓါတ်ငွေ့ တူးဖော်ထုတ်လုပ်ရောင်းချမှုမှ ငွေကြေးအမြောက်အများ ရရှိနေသော်လည်း စစ်အသုံးစရိတ်များ ကိုသာ တိုးချဲ့အသုံးပြုနေပြီး နိုင်ငံအတွင်း အဓိက ရင်ဆိုင်နေရသည့် ကျန်းမာရေးနှင့် ပညာရေး လုပ်ငန်းများအပေါ် သုံးစွဲသည့်ပမာဏမှာ အလွန်နည်းပါးလျှက်ရှိသည်။

“စစ်အစိုးရရဲ့ ရက်စက်မှုများကို အားပေးရာရောက်နေပါတယ်၊ စစ်တပ်ကိုပဲ ခိုင်မာတောင့်တင်း အောင် လုပ်နေတာကြောင့် သဘာဝဓါတ်ငွေ့ထုတ်လုပ်နေတဲ့ ကုမ္ပဏီတွေအနေနဲ့ လူ့အခွင့် အရေးချိုးဖောက်မှုမရှိဘဲ လုပ်ကိုင်နိုင်တဲ့အခြေအနေမရှိဘဲ ရင်းနှီးမြှုပ်နှံမှုတွေမလုပ်ဖို့ တိုက် တွန်းပါတယ်”ဟု HRW က တိုက်တွန်းထားသည်။ 

အဓမ္မ အလုပ်ခိုင်းစေတာတွေဟာ အဓိက နိုင်ငံခြားရင်းနှီးမြှုပ်နှံတဲ့ စီမံကိန်းတွေရှိတဲ့နေရာ တွေ၊ ရွာတွေမှာ လုပ်အားပေးကို ခွဲတမ်းနဲ့ ခိုင်းလေ့ရှိတယ်၊ သဘာဝဓါတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေးလုပ်ငန်း ပိုများလာလေလေ ခေါင်းဆောင်စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ အိတ်တွေ ပိုဖောင်းလာပြီး ထောင်ပေါင်းများစွာရှိတဲ့ ပြည်သူတွေ ပိုဒုက္ခရောက်လေပဲ”ဟု HRW မှ စီးပွား ရေးနှင့် လူ့အခွင့်အရေးအစီအစဉ်ဆိုင်ရာ ညွှန်ကြားရေးမှူး အာဗိုင်းဂျန်နစန် (Arvinad Ganesan) က ဆိုသည်။ 

စစ်အစိုးရက ယခုလအတွင်း ယခင် အိန္ဒိယနှင့် သဘောတူညီချက်ယူထားသည့် ရခိုင်ကမ်းလွန် ဒေသမှ သဘာဝဓါတ်ငွေ့လုပ်ကွက်မှ ထွက်ရှိမည့် ဓါတ်ငွေ့များအား ရောင်းချရန် သဘော တူညီချက်ကို ပယ်ဖျက်၍ တရုတ်နိုင်ငံသို့ ရောင်းချရန် သဘောတူညီလိုက်ပြီး မိုင်ငါးရာ ရှည်လျှားသည့် သဘာဝဓါတ်ငွေ့သွယ်တန်းမည့် စီမံကိန်းအား စတင်အကောင်အထည်ဖော်ရန် ကုန်ကျစရိတ်ကို တရုတ်နိုင်ငံမှ အခမဲ့ စိုက်ထုတ်မည်ဖြစ်သည်။

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org