|
စစ်အစိုးရ၏
ကြေးနန်းနှင့်စာတိုက်ဝန်ကြီးဌာနမှ နိုင်ငံတကာသို့ စာနှင့်ပစ္စည်း
အမြန်ချောပို့ လုပ်ငန်းကို စတင်လိုက်သည်။
ပြီးခဲ့သည်နှစ် ဇူလိုင်လမှစတင်ကာ နိုင်ငံပေါင်း ၃၂ နိုင်ငံသို့ (EMS)
စနစ်ဖြင့် ကြေးနန်းနှင့် စာတိုက်ဝန်ကြီးဌာနမှ စတင်ပြုလုပ်ခဲ့ရာ ယခုအခါ
နိုင်ငံပေါင်း ၁၂၀ သို့ ပို့ဆောင်နိုင်ရန် ထပ်မံ
တိုးချဲ့ခဲ့ခြင်းဖြစ်သည်။
နိုင်ငံအကွာအဝေးအလိုက် စာပို့ခ၀န်ဆောက်စရိတ်များကို
နိုင်ငံခြားသုံးငွေကြေးဖြင့် ပေးချေ ရမည့် အဆိုပါ (EMS) စာပို့စနစ်ကို
ကြပ်ပြေး(နေပြည်တော်)နှင့် မန္တလေးမြို့များမှ ပို့ဆောင်နိုင်
မည်ဖြစ်သည်။
ပေါက်ကွဲစေတတ်သည့် ပစ္စည်းများ၊ ညစ်ညမ်းသော ဓါတ်ပုံနှင့်စာများ၊
ကျောက်မျက်ရတနာ၊ မူးယစ်ဆေးဝါး၊ ဆင်ဆာခွင့်ပြုချက်မရသော ဗီဒီယိုခွေများ၊
လုံခြုံရေးအရ ခွင့်မပြုသော စာရွက် စာတမ်းများ၊ စားသုံးရန်ခွင့်မပြုသော
အစားအသောက်များ၊ ပြည်ပပို့ခွင့်ပိတ်ပင်ထားသော ပစ္စည်းများ၊
တိရိစ္ဆာန်များနှင့် ရှေးဟောင်းပစ္စည်းများကို အမြန်ချောပို့စနစ်တွင်
ပိတ်ပင်ထား သည်။
ယခင် ၃၂
နိုင်ငံဖြင့်သာ စတင်ခဲ့သည့် (EMS) စနစ် စာပို့လုပ်ငန်းကို ယခုအခါ ၆၂
နိုင်ငံထိ တိုးချဲ့လာခဲ့ပြီး ဥရောပ၊ အမေရိကန်၊ သြစတြေးလျ၊
အာရှနိုင်ငံများနှင့် အခြား အရှေ့လယ်ပိုင်း နိုင်ငံများသို့
ပို့ဆောင်နိုင်တော့မည်ဟု ဆိုသည်။
အမြန်ချောပို့လုပ်ငန်းကို စင်္ကာပူနှင့် ၁၉၉၅ ခုနှစ်ဦးပိုင်းတွင်
စတင်ခဲ့ပြီး ၁၉၉၆ ခုနှစ်၊ စက်ဘာလ တွင် ထိုင်းနိုင်ငံနှင့်
စတင်လုပ်ဆောင်ခဲ့သည်။ |