|
ကျားပစ်မယ့်လူက ကျားဟိန်းသံကြောက်နေလို့မဖြစ်ဘူး
(သွေးသောက်ရဲဘော်၏ အစီရင်ခံစာအပေါ် တုန့်ပြန်ချက်)
တူမောင်ညို
(၂၀၀၈ ခုနှစ်၊ ဧပြီ ၁၈ ရက်)
သွေးသောက်ရဲဘော်ဟာ သူ တွေ့ကြုံကြားသိခဲ့ရတာတွေကို ရိုးရိုးသားသား
တင်ပြတာ လည်း ဖြစ်နိုင်ပါတယ်။ သူတင်ပြတဲ့ အချက်တွေအပေါ်မှာပဲ
ခြုံငုံသုံးသပ်ကြည့်ပါရစေ။
သူက
အဓိကအားဖြင့် (၃) ပိုင်းခွဲပြီး တင်ပြထားပါတယ်။
-
တိုင်းမှူး၊ ၀န်ကြီးများ၏ လုပ်ဆောင်ချက်များ (အချက် ၆ ချက်
တင်ပြထား သည်)
-
ဌာနဆိုင်ရာအကြီးအကဲများ၊ NLD တိုင်းစည်းများ၏ သုံးသပ်ချက်နှင့်
သဘောထားများ
-
သူ၏ သုံးသပ်ချက်
ပထမအပိုင်းကို ကြည့်ကြပါစို့။
နံပါတ်
(၁)
အချက်ကိုတော့ ဘေးဖယ်ထားပါတယ်။ ကျန်တဲ့အချက်တွေဟာ ဖြစ်နိုင် ပါတယ်။
လုပ်လည်း လုပ်နေတယ်ဆိုတာ ကျနော်တို့လည်း ကြားသိနေရပါတယ်။ ဒါပေမယ့်
သူတွေ့တဲ့ မိတ္ထီလာ၊ မန္တလေး၊ စစ်ကိုင်း၊ မုံရွာ ဌာနဆိုင်ရာ
ဝန်ထမ်းတွေပဲ။ လူဦးရေ ဘယ်လောက်ရှိသလဲ။ ဘယ်လို အဆင့်တာဝန်ရှိသူတွေလဲ။
ဒီချုပ်တိုင်းစည်းများဆိုရာမှာလည်း အရေအတွက် ဘယ်လောက်ရှိသလဲ။ ဒါတွေကို
စိစစ်ရမယ်ထင်ပါတယ်။
ဒုတိယအပိုင်းကို ကြည့်ကြပါဦးစို့။
ပထမပိုင်းကိုတည်ပြီး
-
တိုင်းစည်းရဲ့ သုံးသပ်ချက် မိမိတို့လုံးဝရှုံးမည်၊ ဆန္ဒခံယူပွဲကို
ဖျက်ပစ်ရန် ဆန္ဒရှိသည်။
-
အရာရှိသုံးသပ်ချက်က ထောက်ခံမဲတွေရသွားပါက စစ်အစိုးရက
ထင်တိုင်း ကြဲနိုင်ပြီး ပြည်သူတွေ ဒုက္ခရောက်မည်။
-
ဒီချုပ်ဗဟိုလူကြီးတွေက အခြေအနေမသိဘူး။
-
(နအဖ)က အစစအရာရာ သေချာအောင် စီစဉ်ပြုလုပ်ထားခြင်းဖြစ်သည်။
တတိယပိုင်းကို နောက်ဆုံးကြည့်ကြပါဦးစို့။
ပထမနဲ့
ဒုတိယပိုင်းကိုတည်ပြီး သွေးသောက်ရဲဘော်၏ သုံးသပ်ချက်ဖြစ်သည်။
-
မိမိတို့ လုံးဝမနိုင်၊
-
(နအဖ) သေချာပေါက်နိုင်အောင် ကြိုတင်အကွက်ချထားသည်။
-
ပြည်တွင်းပြည်ပအင်အားစုအားလုံးကို အသိပေးပြီး
ဆုံးဖြတ်ချက်တစ်ခု ချပေးရန် စသဖြင့် ဖြစ်သည်။
တကယ်တော့
သူဘာကို ဆုံးဖြတ်စေချင်သည်ကို သူရေးမထားသော်လည်း ပေါ်လွင် နေသည်။
ကန့်ကွက်မဲပေးရေးအစား၊ ဆန္ဒခံယူပွဲကို ဖျက်ပစ်ရန်၊
သပိတ်မှောက်ရန် ဖြစ်သည်။
ဒီချုပ်တိုင်းစည်းများသည် ဒီချုပ်ဗဟို၏
ဆုံးဖြတ်ချက်အတိုင်း လိုက်နာဆောင်ရွက်ရ မည့် တာဝန်ရှိသည်။
တိုက်ပွဲနည်းလမ်းကို ဗဟိုက ချမှတ်ခြင်းဖြစ်သည်။
ဒီချုပ်ဗဟိုက (၁၀ ဧပြီ ၂၀၀၈) ရက်စွဲဖြင့် အထူးကြေညာချက် (၅/၀၄/၀၈)
ထုတ်ပြန် ထားပြီးဖြစ်သည်။ ထို့အပြင် (နအဖ)စစ်အစိုးရ၏ ညစ်ပတ်မှု၊
တဖက်သတ်ကျမှု၊ အနိုင်ကျင့် ခြိမ်းခြောက်မှု၊ အကြမ်းဖက်ဖိနှိပ်မှုများကို
ဖော်ထုတ်တင်ပြထားသည်။ “ယခုကတည်းက ဆန္ဒခံ ယူပွဲအတွက် လွတ်လပ်မှုနှင့်
တရားမျှတမှုမရှိကြောင်း ပေါ်လွင်နေသည်” ဟု ထုတ်ပြောထား သည်။
သို့သော်လည်း ကန့်ကွက်မဲပေးရေးကို ပြင်မည်ဟု ပြောမထားပါ။
သို့အတွက်
ဒီချုပ်ဗဟိုက ချမှတ်ထားသည့်အတိုင်း ဒီချုပ်အောက်ခြေများက
ဆောင် ရွက်ရန် တာဝန်ရှိပါသည်။ (နအဖ)စစ်အစိုးရ၏ လှည့်ဖျားမှု၊
ဖိနှိပ်အနိုင်ကျင့်မှု၊ လိမ်ညာမှုများကို
အဆက်မပြတ် ဖော်ထုတ်ဖွင့်ချကြရမည်။ ကန့်ကွက်မဲကို ရဲရဲကြက်ခြေခတ်၍
ပေးရမည်သာ ဖြစ်သည်။ ယင်းသည် ယနေ့ကာလ၏ လူထုတိုက်ပွဲပင်ဖြစ်သည်။
ကျားပစ်မယ့်လူက ကျားဟိန်းသံကြောက်နေလို့မဖြစ်ဘူး။
ချက်ကောင်းထိအောင် ပစ်နိုင်ဖို့ဆိုရင် တည်ငြိမ်ရဲရင့်ဖို့ လိုပါတယ်။
ဟိုအကြောင်း ဒီအကြောင်းတွေနဲ့ေ၀၀ါးထွေပြားနေဖို့ မလိုဘူး။ (နအဖ)စစ်အစိုးရက ပုံစံမျိုးစုံနဲ့ေ၀၀ါးထွေပြား နေအောင် လုပ်နေမှာပဲ ဆိုတာကို
အမြဲသတိရှိကြဖို့ လိုပါတယ်။
-
မဲရုံသွားကြ
-
ကန့်ကွက်မဲပေးကြ
-
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြ။ |