|
ခေါင်းရှင်းရှင်းထားပြီး
ရှေ့ကိုကြည့်ကြပါစို့
တူမောင်ညို (၂၀၀၈
ခုနှစ်၊ မတ်လ ၁၈ ရက်)
(‘လက်တွေ့ဖြစ်နိုင်/မဖြစ်နိုင် စာဖတ်သူများ စဉ်းစားသုံးသပ်နိုင်ရန်
တင်ဆက်ပေးခြင်းသာ ဖြစ်ပါသည်’ ဟုဆိုသော ဒေါက်တာလွဏ်းဆွေ၏ဘလော့ဂ်မှ
သဘောထားအမြင်(Opinion)အပေါ် တူမောင်ညို၏တုန့်ပြန်ချက်)
သိပ်အများကြီး မပြောချင်ပါဘူး။ တစ်ချက်ခြင်းလည်း မချေပတော့ပါဘူး။
မလိုအပ်လို့ ပါ။ အချိန်ကုန်လို့ပါ။
တင်ပြချက်ကိုချုပ်လိုက်ရင် ‘လာမယ့်မေလ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ
(နအဖ)စစ်အစိုးရ ချပြလာမယ့် ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်းကို
ထောက်ခံအတည်ပြုကြဖို့’ ပဲ ဖြစ်ပါ တယ်။
စာရေးဆရာ
‘ကျော်ဝင်း’ ရေးတာဟုတ်/မဟုတ်က အဓိကမကျပါဘူး။ ဘယ်သူပဲ ရေးရေး၊
ရေးတဲ့ရည်ရွယ်ချက်က ဘာလဲဆိုတာသိရင် အဖြေပေါ်ပါတယ်။
ဘယ်
‘ကျော်ဝင်း’ ပဲရေးရေး ဒီလိုရေးရင် ဆန့်ကျင်ရမှာပဲဖြစ်ပါတယ်။
(‘ကမ္ဘာပြားပြီ’ နဲ့ အမျိုးသားစာပေ ဘာသာပြန်သုတဆုရတဲ့ ‘ကျော်ဝင်း’
မဟုတ်ဘူးလို့ ယူဆပါတယ်) ဟိုလိုလို ဒီလိုလိုနဲ့ ရဲရဲဝံ့ဝံ့
နာမည်မခံရဲတာကပဲ သူတို့ ဘာရည်ရွယ်သလဲဆိုတာ ထင်ရှားပါတယ်။ ‘ကျော်ဝင်း’
ဆိုတဲ့ နာမည်ရေးရင် ပညာတတ်လူငယ်တချို့ကို ဖမ်းစားနိုင်မယ်ဆိုတဲ့
တွက်ကိန်း လည်း ပါယ်ထင်တယ်။
(မနတ)
‘အမျိုးသားနိုင်ငံရေးတပ်ပေါင်းစု’ ဆိုတဲ့ နာမည်ကို
‘မြန်မာ့နိုင်ငံရေးတပ်ပေါင်း စု’ လို့တော့ မှားပြီး မရေးလောက်ပါဘူး။
ဒီကနေ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်တွင်းပြည်ပအင်အားစုများနဲ့
(ဗကပ)ကို အညှိုးတကြီးနဲ့ သည်းသည်းမဲမဲ ဆန့်ကျင်နေတာဆိုလို့
(နအဖ)စစ်အုပ်စုနဲ့ အမည်အမျိုးမျိုး ခံယူ ထားတဲ့ ကြေးစားခိုင်းဖတ်
ကလောင်ရှင်များပဲ ဖြစ်ပါတယ်။
ဒီကနေ့
အခြေအနေက နောက်ကြောင်းပြန်လှန်ပြီး လက်ယာသွေဖီရေးလား၊ လက်ဝဲ
သွေဖီရေးလား ဆန်းစစ်နေရမယ့် အချိန်မဟုတ်ပါဘူး။ (နအဖ)စစ်အစိုးရ
ချပြလာမယ့် အခြေခံ ဥပဒေမူကြမ်းကို အတည်မပြုနိုင်အောင်
ဆန့်ကျင်ကန့်ကွက်မဲပေးနိုင်ဖို့အတွက် ဘက်ပေါင်းစုံက ပြင်ဆင်ရမယ့်
အချိန်ကာလဖြစ်ပါတယ်။ ခေါင်း ရှင်းရှင်းထားပြီး၊ ရှေ့ကို
တည့်တည့်ကြည့်ဖို့ လိုပါတယ်။
-
သူဟာ ဆန့်ကျင်ကန့်ကွက်မဲပေးရေးဘက်ကလား၊ အတည်ပြုမဲပေးရေးဘက်ကလား။
-
ဆန့်ကျင်ကန်ကွက်မဲ ပေးမယ့်သူလား၊ ထောက်ခံမဲ ပေးမယ့်သူလား။
-
ဘယ်သူတွေက ဘယ်လိုသဘောထားနဲ့ ဘာတွေ ရေးသားတင်ပြနေတာလဲ။
ဒီအချိန်မှာ
ဘယ်နေရာကနေပဲရေးရေး၊ ဘယ်စာစောင်မှာပဲ ရေးရေး၊ မေလဆန္ဒခံယူ ပွဲမှာ
ထောက်ခံမဲထည့်ဖို့ရေးသားနေတာ၊ စည်းရုံးလှုံ့ဆော်နေတာဆိုရင်
အဲဒီလိုရေးသားနေသူ ဟာ (နအဖ)စစ်အစိုးရရဲ့ ဘက်တော်သားပဲ၊
အသုံးတော်ခံခိုင်းဖတ်ပဲ ဖြစ်ပါတယ်။
မြန်မာ့အလင်းမှာပဲ ရေးရေး၊ ကြေးမုံမှာပဲ ရေးရေး၊ လျှပ်တစ်ပြက်မှာပဲ
ရေးရေး၊ ဘလော့ဂ်မှာပဲ တင်တင်၊ အင်တာနက်ကနေပဲ ဖြန့်ဖြန့်၊
ဘယ်လို(ကလောင်)နာမည်ပဲ ခံထားပါ စေ သိပ်ခေါင်းစားခံပြီး
စဉ်းစားမနေပါနဲ့၊ အဲဒီလူဟာ (နအဖ)စစ်အစိုးရဘက်ကလူပဲ။ ဒီမိုကရေစီကို
ဆန့်ကျင်နေသူပဲ ဖြစ်ပါတယ်။
ဒါက
ဒီကနေ့လိုအချိန်မှာ အဲဒီလိုရေးသားဖြန့်ဝေနေတာတွေနဲ့ ပတ်သက်လို့ ကျနော့်
အမြင်နဲ့ သဘောထားပဲဖြစ်ပါတယ်။
‘(ဒီချုပ်)ဘက်က၊ (ဗကပ)ဘက်က တလျှောက်လုံး လက်ဝဲသွေဖီရေးအမှားတွေ ဆက်
တိုက် ကျူးလွန်ခဲ့တာဖြစ်တယ်။ နာလံမထူနိုင်တော့ဘူး။ (နအဖ)စစ်အစိုးရဘက်က
အသာစီးရ နေ တဲ့ အခုလိုအခြေအနေအောက်မှာ (Better Off) က ချပြလာတဲ့
ဖွဲ့စည်းပုံမူကြမ်းကို ဆန့်ကျင် မနေဘဲ ၀ိုင်းဝန်းတည်ပြုပေးပြီး၊
နောက်မှာ တဖြည်းဖြည်းနဲ့ ပြုပြင်ယူကြ’ ဆိုတဲ့ သဘောထား ဟာ
‘လုံးလုံးလျားလျား အရှုံးပေးအညံ့ခံရေး သဘောထား’ ဖြစ်ပါတယ်။ ဒီသဘောထားနဲ့
ဒီလို လှုံ့ဆော်ရေးသားတာမှန်သမျှကို ပြတ်ပြတ်သားသား
ဆန့်ကျင်ကြရမှာပဲဖြစ်ပါတယ်။
ဒီစာတမ်းရေးသူဟာ ဒီလို ‘လုံးလုံးလျားလျား အရှုံးပေးအညံ့ခံရေးသဘောထား’
ကို ရည်ရွယ်ချက်ရှိရှိ၊ သိစိတ်ရှိရှိ လှုံ့ဆော်နေသူ၊ ၀ါဒဖြန့်နေသူ
ဖြစ်ပါတယ်။
တကယ်တော့
ဒီလိုစာတမ်းမျိုးဟာ ဖတ်ပြီးရင် အမှိုက်ခြင်းထဲ လွှင့်ပစ်လိုက်ဖို့ပဲ
ဖြစ်ပါ တယ်။
တပြိုင်နက်ထဲမှာလည်း ဒီလိုရှုပ်ထွေးေ၀၀ါးစေမယ့် စာတိုစာရှည်တွေကို
ပုံစံအမျိုးမျိုး၊ အမည်ခံအမျိုးအမျိုးနဲ့ ထွက်လာနိုင်တယ်၊
ရောက်လာနိုင်ပါသေးတယ်ဆိုတာကိုလည်း ကျနော် တို့ သတိရှိကြဖို့လိုပါတယ်။
လိုအပ်တဲ့အခါမှာလည်း ထိထိမိမိ တုန့်ပြန်ကြဖို့ဖြစ်ပါတယ်။ မလို
အပ်ရင်တော့ ဘုရားထဲကနွားလို ဘေးမဲ့ပေးထားလိုက်ဖို့ပဲဖြစ်ပါတယ်။
အမှိုက်ခြင်းထဲ လွှင့်ပစ် လိုက်ဖို့ပဲ ဖြစ်ပါတယ်။
အခုအချိန်က
နောက်ပြန်လှည့်ကြည့်နေရမယ့် အချိန်မဟုတ်ပါဘူး။ ရှေ့ကို တည့်တည့်
ကြည့်ကြရမယ့် အချိန်အခါဖြစ်ပါတယ်။
ပြည်သူတွေ
မဲရုံသွားပြီး ဆန့်ကျင်မဲ ရဲရဲပေးနိုင်ဖို့
လှုံ့ဆော်ကြိုးပမ်းပြင်ဆင်ကြရမယ့် အချိန်သာ ဖြစ်ပါတယ်။
ခေါင်းရှင်းရှင်းထားပြီး ရှေ့ကိုကြည့်ကြပါစို့။ |